Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး မစ္စတာဝမ်ကျားလွေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ် ကွန်မြူနစ် ပါတီဗဟို ကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး မစ္စတာဝမ်ကျားလွေ့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၁ ရက် ညနေ ၃း၃၀ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာ ဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။      ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစိုးဝင်း(ကျောက်တံတားမဲဆန္ဒနယ်)၊ ဦးအောင်ကျော်ခင် (ကျောက်တန်း မဲ ဆန္ဒနယ်)၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊  နှစ်နိုင်ငံလွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေး ခဲ့ကြပြီး ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ဧည့်သည်တော်အဖွဲ့အား နေပြည်တော်ဟိုတယ်ဇုန်ရှိ မြတ်မင်္ဂလာဟိုတယ်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။