Skip to main content

ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးသာ ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်မှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဟောင်လိုင်း(န်) အားလက်ခံ တွေ့ဆုံ

ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးသာသည် ကုလ သမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဟောင်းလိုင်း(န်)အား ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၁ ရက် ညနေ ၁၆း၃၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်(I-1) ၌ လက်ခံတွေ့ဆုံသည်။      ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ ဦးစိုးသာနှင့်အတူ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖ့ွဲဝင်များဖြစ်ကြသည့် ဦးသောင်းမြင့်၊ ဒေါ်သန်းသန်းရီ၊ ဒေါ်ညိုညိုလှနှင့် ပြည်သူ့ လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံစဉ် လွှတ်တော်လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။