Skip to main content

ပည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး နော်ဝေ နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Ms. Anniken Huitfelt ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် နော်ဝေ နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Ms. Anniken Huitfelt ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ (၁၃း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် (I-1)၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။