Skip to main content

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး နော်ဝေနိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန်ကော်မတီမှ Ms. Anniken Huitfelt နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးသည် နော်ဝေနိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပါလီမန်ကော်မတီမှ Ms. Anniken Huitfelt နှင့်အဖွဲ့အား ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ (၃း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) တွင် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးရဲထွဋ်တင်၊ ဦးအောင်ကျော်ခင်၊ ဦးမောင်မောင်တင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြောင်းလဲကျင့်သုံးနေသည့် စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်လာသော ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ ဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။