Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အာဆီယံပါလီမန်းများ ညီလာခံ ကော်မတီအစည်းအဝေးများ တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀၀ နာရီအချိန် Donchan Place Hotel ၌ ပြုလုပ် ကျင်းပလျက်ရှိသော (၃၅)ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ၏ ကော်မတီအစည်းအေဥးများဖြစ်ကြသော Committee on Political Matters အစည်းအဝေး၊ Committee on Economic Matters အစည်းအဝေးနှင့် Committee on Organizational Matters အစည်းအဝေးများသို့ အာဆီယံ (၁၀)နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်ဆွေးနွေးမှုများကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နံနက် ၁၁ နာရီချိန် သမ္မတနန်းတော်၌ လာအိုဒီမိုကရစ်သမ္မတနိုင်ငံ H.E Mr. Choummaly SAYASONE ၏ အာဆီယံလွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် လေ့လာသူ နိုင်ငံများမှ ကိုယ်စားလှယ်များအားတွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်သည်။