Skip to main content

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သောင်း ၊ မောရစ်သျှနိုင်ငံတော်ဘဏ် (အက်စ်ဘီစီ) လီမိတက်ဥက္ကဋ္ဌ မစ္စတာမူနီခရစ်နားတီရက်ဒီ ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းသည် မောရစ်သျှသမ္မတနိုင်ငံအခြေစိုက်၊ မောရစ်သျှ နိုင်ငံတော်ဘဏ် (အက်စ်ဘီစီ) လီမိတက် ဥက္ကဋ္ဌ မစ္စတာမူနီခရစ်နားတီရက်ဒီ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-1)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့်အတူ အတွင်းရေးမှူးဦးဝင်းမြင့်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဖြိုးမင်း သိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဘထီး၊ ဦးထွန်းအောင်ခိုင်နှင့်အတူူ တာဝန် ရှိသူများ တက်ရောက်ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။