Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် ကနေဒါနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် H.E.Mr. Kirsty Duncan ဦးဆောင်သည့် ကနေဒါလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့အဝင် ဦးစိုးဝင်း၊ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ခင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ လွှတ်တော်တို့အကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။