Skip to main content

ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဂျာမနီနိုင်ငံအခြေစိုက် (Hanns Seidal Foundation)မှ ကိုယ်စားလှယ် MR. Achim Munz ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဂျာမနီ နိုင်ငံအခြေစိုက် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း(Hanns Seidal Foundation)မှ Mr. Achim Munz ဦးဆောင်သော အဖွဲအား ၂၀၁၄ခုနှုစ် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ (၁၆း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊  အဆောင်အမှတ်  I-1 တွင် လက်ခံတွေ့ဆုံပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာလွှတ်တော်များသို့ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။