Skip to main content

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်ယှဉ်ပြိုင်မှု ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက တင်သွင်းသော ယှဉ်ပြိုင်မှုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက် (၁၀)နာရီ အချိန်တွင် နေပြည်တော် ရှိ ရေး ရာဆောင် အမှတ် (I-2)၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။