Skip to main content

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံး သပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ၊ တရားရုံးချုပ် ဥက္ကဋ္ဌ H.E. Lord Neuberger ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေး ရာနှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံး သပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ၊ တရားရုံးချုပ် ဥက္ကဋ္ဌ H.E. Lord Neuberger ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက်၁၀နာရီ၁၅မိနစ် အချိန်တွင် နေပြည်တော်ရှိလွှတ်တော်အဆောက် အဦ ရေးရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင် များဖြစ်ကြသော ဦးမြသိန်း၊ ဦးမြင့်နိုင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၂ ရက်