Skip to main content

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ PLS Net Co.Ltd (Payment Logistics Settlement Network Limited) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ PLS Net Co.Ltd (Payment Logistics Settlement Network Limited) အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူများလက်လှမ်းမီနိုင်သည့်ဘဏ္ဍာရေးစနစ်ပေါ်ပေါက်လာစေရေး၊အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး Agent Banking လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်