Skip to main content

ပြည်သူ့လွှတ်တော် ရင်းနှီးမြုှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Japan- Myanmar Economy & Investment Center (JMEIC) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော၊် ရင်းနှီးမြုှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် Japan- Myanmar Economy & Investment Center (JMEIC) မှ Noriyuki Yonemura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး အတွက် ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ် များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြုှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးသက်လွင်(ခ) ဦးပေါခင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်