Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျာမနီနိုင်ငံ Friedrich-Naumann-Foundation for Freedom (FNF) ၏ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဂျာမနီနိုင်ငံ Friedrich-Naumann-Foundation for Freedom (FNF) ၏ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာ Mrs. Katrin Bannach နှင့် အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်