Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အင်ဒိုနီးရှားနိုင်ငံလွှတ်တော် ဒုတိယဥက္ကဌ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. H. MAHYUDIN, ST., M ,M ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက် အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံအစိုးရအချင်းချင်း၊လွှတ်တော်အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ် သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာစံရွှေဝင်း၊ ဦးရန်လင်း၊ ဦးစိန်ဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ ကော်မတီ အဖွဲ့ ဝင် ဒေါ်နန်းခမ်းအေး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာအင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Ito Sumardi လည်း တက်ရောက် ခဲ့သည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်