Skip to main content

 

မြန်မာနိုင်ငံ၏ပညာရေးကို ပြည်တွင်းပြည်ပပူးပေါင်း၍ ပညာရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်များတွင် Cenral of Excellent (COE) အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှုများဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ြခင်း၊ Information Technology University  ဖွင့်လှစ်ရန်စီစဉ်ခြင်း၊ သင်ထောက်ကူပစ္စည်းနှင့် သင်ကြားသူအပါအဝင် ၂၀၁၃ ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်ရေးစီစဉ်နေကြောင်း Asia Foundation နှင့်ဆွေးနွေးကြကြောင်း၊ တက္ကသိုလ်များ တွင် လိုအပ်သော စာအုပ်စာတမ်းများ Online Library စနစ်များပြုလုပ်ရန်စီစဉ်နေကြောင်း စသဖြင့် သိရှိရပါတယ်။ အချုပ်အာွးဖင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးတိုးတက် အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်ခင်ဗျား။ ထို့အတူ ကျောင်းကျန်းမာရေးအနေဖြင့် တက္ကသိုလ်ဆေးရုံ(ရန်ကုန်)ကဲ့သို့ တက္ကသိုလ်၊ ကောလိပ်များတွင် ကျန်းမာ‌ရေးမြှင့်တင်ြခင်း ကို ကျယ်ြပန်စွာ ဆောင်ရွက်နိုင်ရေးပြုလုပ်သင့်ပါတယ်။ ဥပမာ-နည်းပညာတက္ကသိုလ်(ပုသိမ်)မှာ ဆေးရုံဆေးခန်း ဆရာဝန်၊ ဆရာမ မရှိလို ကျောင်းသားကျောင်းသူများ မိဘပြည်သူများပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုး စီစဉ်ဆောင်ရွက်နေရပါတယ်။ သို့ပါသောကြောင့် (၁)ဆေးရုံဆေးခန်း၊ ဆရာဝန် ဆရာမများမရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် ဆေးရုံဆေးခန်းထားရှိရေးနှင့် ဆရာဝန်ဆရာမများ ခန့်ထားရေးအစီအစဉ်များ ရှိ၊ မရှိ သိလို၍မေွးမန်ရခြင်း။ (၂) တက္ကသိုလ်ဆေးရုံ ရန်ကုန်တက္ကသိုလ်၊ ဆေးရုံဆေးခန်းရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး အစီအစဉ်များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


တက္ကသိုလ်၊ ကောလိပ်များတွင်ဆေးရုံ၊ ဆေးခန်းများထားရှိရေး၊ ဆရာဝန်ဆရာမများ ခန့်ထားရေးနှင့် တက္ကသိုလ်ဆေးရုံ(ရန်ကုန်)ကဲ့သို့ ဆေးရုံဆေးခန်းရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် ကျန်းမာရေးစောင့်ရှောင့်မှုမြှင့်တင်ရေး အစီအစဉ်များ ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ဆေးရုံစုစုပေါင်း ၉၂၉ ရုံဖြင့် တစ်နိုင်ငံလုံးရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျှက်ရှိသည့် အနက်  ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်တက္ကသိုလ် ဆေးရုံ(ခုတင်-၁၀၀)နှင့် ဒဂုံတက္ကသိုလ်ဆေးရုံ (ခုတင်-၅၀)၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးတက္ကသိုလ်ဆေးရုံ(ခုတင်-၅၀)၊ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ဆေးရုံ (ခုတင်-၁၆) နှင့် ရှမ်းပြည်နယ်တွင် တောင်ကြီးတက္ကသိုလ်ဆေးရုံ(ခုတင်-၁၆)တို့ဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ တက္ကသိုလ်ဆေးရုံများသည် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွက် လိုအပ်သော အခြေခံကျန်းမာရေးစောင့်ရှောက် ပေးနိုင်မှုများကိုဆောင်ရွက်ပေးနိုင်ရန်နှင့် အထူးကုဆရာဝန်များထံ ပြသရန်လိုအပ်ပါက အဆိုပါတက္ကသိုလ်များ တည်ရှိရာမြို့ကြီးများရှိ ပြည်သူ့ဆေးရုံများသို့ လွှဲပြောင်ွးပသပေးနိုင်ရန် ရည်ရွယ်ထားရှိဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များတွင် တက္ကသိုလ်ဆေးရုံသီွးခားမရှိသော တက္ကသိုလ်များအား အဆိုပါဒေသရှိပြည်သူ့ဆေးရုံကြီးများမှ လိုအပ် သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပမာအာွးဖင့် ပုသိမ် တက္ကသိုလ်မှာ ဖွဲ့စည်းပုံအရမရှိသော်လည်းပဲ ပုသိမ်ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦး၊ အထက်တန်းသူနာပြုတစ်ဦးနဲ့ Compounder ခေါ်ဆေးစပ်ဆရာဝန်တစ်ဦးနဲ့ ကျွန်တော်တို့ ပုသိမ် တက္ကသိုလ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါတယ်။ လောလောဆယ်အာွးဖင့် ပြည်သူ့ဆေရုံးကြီးများအား ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ြခင်းလုပ်ငန်းမျာွးဖစ်သည့် စံကိုက်ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ သို့ တိုးချဲ့ဖွဲ့စည်ွးခင်း၊ ဆေးရုံခုတင်အဆင့်မြှင့်တင်ြခင်း၊ ခေတ်မီဆေးရုံသုံးပစ္စည်း ကိရိယာများ ဖြည့်ဆည်းခြင်းလုပ်ငန်းများကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဆေးရုံကြီးများ၏ အရည်အသွေးမြှင့်ကျန်းမာရေးစောင့်ရှောက်မှုများသည် ဒေသရှိတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသားသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွက်ပါ လွှမ်းခြုံမှုရရှိနေပြီးသဖြင့် လက်ရှိ အွခေအနေအာွးဖင့် တက္ကသိုလ်ဆေးရုံများအား အဆင့်တိုးမြှင့်ဖွဲ့စည်းရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်