Skip to main content

 

ရွှေဖြူရတနာဂေါက်ကွင်းသည် ၁၉၈၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ခ.လ.ရ(၃၁) တပ်ရင်းမြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေပါကြောင်း၊ ကျင်းကိုးကျင်းပါရှိပြီး မြေဧရိယာ ၉၅.၂၅ ဧကရှိပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်သီဟသူရစစ်မောင် ဗျူဟာမှူးတာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင် အားကစားသမား ၆၀ ကျော်ခန့်နှင့် ရန်ပုံငွေလည်း သိန်း ၆၀ လောက်ရှာထားပေးနိုင်ပါကြောင်း၊ ဝန်ထမ်းညစောင့်တစ်ဦး၊ ကွင်းပြင် လေးဦးရှိပြီး တစ်လ ၂၈၀၀၀၀ ထောက်ပံ့ပေးရပါကြောင်း၊ ခ.လ.ရ(၃၁)ပိုင်မြေအတွင်းမှာရှိပြီး (၁၁)ရပ်ကွက် အတွင်းရှိသဖြင့် သွားရေးလာရေးလွယ်ကူပါကြောင်း၊ ခ.လ.ရ(၃၁)ကို ရေးမြို့နယ် သြဇာရွာသို့ ပြောင်းရွှေ့ခဲ့ သည့် ၂၀၀၅ ခုနှစ်မှစပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသွားသည့်အတွက် ဂေါက်ကလပ်အဆောက်အဦနှစ်ခု နှင့် အလုပ်သမားအိမ်များ ပျက်စီးနေပြီး ခြံစည်းရိုးမကာရံနိုင်သည့်အတွက် ကျွဲ၊ နွားများဝင်ရောက်ပြီး ကျင်းဆိပ် မြက်ခင်းများ ပျက်စီးနေပါကြောင်း၊ ရန်ပုံငွေရှာလိုသော်လည်း တပ်မြေဖြစ်သည့်အတွက် ရှာ၍မရပါကြောင်း၊ ထို့ကြောင့် အများပြည်သူပိုင် ဂေါက်သီးအားကစားကွင်းဖြစ်ခဲ့ပါက န.ယ.ဖ ခေတ်တွင် ထိပ်တန်းအားကစား ကွင်းဖြစ်ခဲ့သည့် ရွှေဖြူရတနာကွင်းကို ယခင်လို ပြန်စည်ကားဖွံ့ဖြိုးရန် အတွက် ဆောင်ရွက်ရာတွင် လွယ်ကူ လာမည်ဟု ထင်ပါကြောင်း၊  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၇ ပုဒ်မခွဲ(က) မှာ နိုင်ငံအတွင်းမှာရှိတဲ့ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိသယံဇာတများ၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော် ဖြစ်ပါကြောင်း၊ သို့သော် ပုဂ္ဂလိက၊ အသင်းအဖွဲ့၊ ဌာန စသည်ဖြင့် အသုံးပြုရန် အတွက်ကို နိုင်ငံတော် က ပေးထားခြင်းသာဖြစ်ပါကြောင်း၊ ထို့ကြောင့်ရွှေဖြူရတနာဂေါက်ကွင်းကို အများပြည်သူပိုင်ဂေါက်ကွင်းအဖြစ် သို့ ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။


ဂေါက်ကွင်းနေရာသည် အမှတ်(၃၁) ခြေလျင်တပ်ရင်း(တပ်ဟောင်း) မြေဧရိယာအတွင်းပါဝင်ပြီး ၁၉၈၁ ခုနှစ်၌ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝမ်းထိန်၊ အမှတ်(၃၁)ခြေလျင် တပ်ရင်း၊ တပ်ရင်းမှူးနှင့် ဒုတိယတပ်ရင်းမှူးတို့မှဦးစီး၍ ကျင်းကိုးကျင်းပါဂေါက်ကွင်းအား ဖောက်လုပ်ခဲ့ပါ ကြောင်း၊ အဆိုပါဂေါက်ကွင်းအား ၂၀၀၅ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘိုက ရွှေဖြူရတနာ ဂေါက်ကွင်း အဖြစ်အမည်ပေးခဲ့ပြီး ရန်ပုံငွေပိုင်ဆိုင်မှုအနေဖြင့် ငွေကျပ် ၆၉၆၄၆၀၀ ရှိပါကြောင်း၊ တစ်လဝင်ငွေကျပ် ၃၅၅၀၀၀ ရရှိပြီး ထွက်ငွေအနေဖြင့် လစဉ် အလုပ်သမားငါးဦးအတွက် လစာငွေကျပ် ၂၈၀၀၀၀ ပေးခြင်း၊ ကျန်ငွေများမှ အခြားလိုအပ်သည့် ဂေါက်ကွင်းပြုပြင်ခြင်းလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိကြောင်းနှင့် လက်ရှိဂေါက်ကွင်းဥက္ကဋ္ဌ တာဝန်အား ဦးလှရွှေ၊ လက်ထောက်ညွှန်ကြားရေးမှူး မြို့နယ်စီမံကိန်းဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၃၁) ခြေလျင်တပ်ရင်း (တပ်ဟောင်း) တပ်ပိုင်မြေဧရိယာ ၂၁၆.၄၄ ဧကအနက်မှ မြေဧရိယာ ဝ.၆၉၁၁ ဧကအား သာသနာ့ဝတ္တက မြေအဖြစ် ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်သဖြင့် လက်ရှိတပ်ပိုင်မြေဧရိယာ ၂၁၅.၇၄၈၉ ဧကသာ ကျန်ရှိတော့ပါကြောင်း၊ ဂေါက်ကွင်းမြေဧရိယာ ၉၅.၂၅ ဧကဟု ဖော်ပြထားရှိသော်လည်း လက်ရှိ ရွှေဖြူရတနာဂေါက်ကွင်းအဖြစ် အသုံးပြုသည့်မြေဧရိယာမှာ ၇၉.၉၄ ဧကသာရှိပါကြောင်း၊ ရန်ပုံငွေတိုးတက် ရရှိရေးအတွက် စီးပွားရေး လုပ်ငန်းများဖြစ်သော ဂေါက်ကွင်းလေ့ကျင့်ရေးကွင်းလုပ်ငန်း၊ ဂေါက်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းများနှင့် ဂေါက်ရိုက်သူများ တည်းခိုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသဖြင့် တောင်းခံခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အမှတ်(၃၁) ခြေလျင်တပ်ရင်း(တပ်ဟောင်း)၏ တပ်ပိုင်မြေဧရိယာ ၂၁၆.၄၄ ဧကအနက်မှ သာသနာ့ ဝတ္တကမြေ ဝ.၆၉၁၁ ဧကအား ပြန်လည်စွန့်လွှတ်ပေး ထားပြီးဖြစ်ခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင်လည်း ဂေါက်ကွင်းအဖြစ် တည်ရှိခြင်းမရှိဘဲ တပ်ပိုင်မြေအဖြစ် သာတည်ရှိခြင်း၊ တပ်ပိုင်အဆောက်အဦများနှင့် နီးကပ်လျက်ရှိခြင်း၊ ဂေါက်ကွင်းအတွင်း စားသောက်ဆိုင်လုပ်ငန်းများနှင့် ဂေါက်ရိုက်သူများ တည်းခိုရေးလုပ်ငန်းများအား လုပ်ကိုင် ဆောင်ရွက်လာပါက တပ်ပိုင်မြေနှင့်တစ်ဝန်းတည်းတွင် တည်ရှိသောကြောင့် လုံခြုံရေးအရ မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင်ခြင်းနှင့် လုံခြုံရေးအရ အရေးကြီးသည့် မြေနေရာဖြစ်ခြင်းတို့ကြောင့် စွန့်လွှတ် ပေး နိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်