Skip to main content

 

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး၏ ၁-၁၀-၂၀၁၈ ရက်စွဲပါ ဖော်ပြချက် စာရင်းအရ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံများတွင် တာဝန်ခံလက်ထောက်ဆရာဝန် ခွင်‌့ပြု၊ ခန့်ထား၊ လစ်လပ်စာရင်း၌ အထူးကု ဆရာဝန်နှင်‌့ လက်ထောက်ဆရာဝန်များ လစ်လပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင်‌့ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ လွယ်မွေတိုက်နယ်ဆေးရုံတို့တွင် လစ်လပ်လျက် နေရာများ ရှိနေသည့်အတွက် အရေးကြီးခန့်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊

၁-၁၀-၂၀၁၈ ရက်နေ့ အထွေထွေရောဂါကုဆေးရုံကြီး ကျိုင်းတုံမြို့ပေါ်တွင် အထူးကုဆရာဝန်နှင်‌့ လက်ထောက်ဆရာဝန်များ၏ ခွင်‌့ပြု၊ ခန့်ထား၊ လစ်လပ်စာရင်းတွင် အစဉ် (၂) တွင် အထူးကု ဆရာဝန်ကြီး ခွင်‌့ပြုဦးရေ ၁၇ ဦးဖြစ်ပြီး ငါးဦးခန့်ထားပြီး ၁၂ ဦး လစ်လပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အစဉ် (၃) တွင်လည်း အထူးကုဆရာဝန် ၁၇ ဦးတွင် ငါးဦးခန့်ထားပြီး လစ်လပ်လျက် ရှိသည်မှာ ၁၂ ဦး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံနှင့် ပတ်သက်လျှင် အစဉ် (၃) လွယ်မွေတိုက်နယ်ဆေးရုံတွင် ခွင်‌့ပြုအင်အားက နှစ်ဦးဖြစ်သော်လည်း ခန့်ထားခြင်း မရှိသည့်အတွက် (၂) ဦး လစ်လပ်ကြောင်း တွေ့ရှိရပါသည်။

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လစဉ်တက်ရောက်ကုသမှု ခံယူနေသောလူနာ အများအပြားရှိသည်ကို သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံရှိသည့် လွယ်မွေကျေးရွာဆိုလျှင် ကျိုင်းတုံမြို့နှင့် မိုင် ၂၀ ကွာဝေးပြီး အမှတ် ၂၂၆ တပ်ရင်း လေကြောင်းရန် ကာကွယ်ရေးတပ်နှင့် လွယ်မွေအထက်တန်း ကျောင်းရှိရာ တပ်မတော်သားများ၊ ကျောင်းသား/သူများ၊ အများပြည်သူများ နေထိုင်သည့် လွယ်မွေတိုက်နယ်ဆေးရုံအား အားကိုးနေရသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ထို့ကြောင့် လွယ်မွေတိုက်နယ်ဆေးရုံကို အားကိုးနေရခြင်းဖြစ်သဖြင့် ခန့်ထားသောဆရာဝန် မရှိသည့်အတွက် အရေးကြီးလူနာ၊ ခွဲစိတ်ရန်လူနာ၊ မွေးလူနာတို့ကို မိုင် ၂၀ ကွာဝေးသော ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွား‌ရောက်ကုသမှု ခံယူနေရပါကြောင်း၊ မိုင် ၂၀ ဆိုသော်လည်း တောင်ပေါ်လမ်း ဖြစ်သည့်အတွက် အကွေ့အကောက်များခြင်း၊ လမ်းကြမ်းခြင်းတို့ကြောင်‌့ အရေးပေါ် လူနာများအတွက် အထူးစိုးရိမ်နေရခြင်း ဖြစ်ပါသောကြောင့် ကျိုင်းတုံမြို့အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ လွယ်မွေတိုက်နယ်ဆေးရုံတို့တွင် လစ်လပ်လျက်ရှိသော အထူးကုဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ အမြန်ဆုံးခန့်ထား ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျိုင်းတုံမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးသည် ခုတင် ၂၀၀ ဖြစ်ပါကြောင်း၊ အားလုံးအထူးကု ဘာသာရပ် ၁၇ မျိုးရှိပြီး ၎င်း ၁၇ မျိုးတွင် အထူးကုပေးထားသည်မှာ ကျိုင်းတုံမြို့တွင် ဆေးပညာက  (၁) ဦး၊ ခွဲစိတ် (၂) ဦး၊ သားဖွား (၃) ဦး၊ ကလေး Special List (၂) ဦး၊ အရိုး Special List (၁) ဦး၊ မျက်စိ Special List (၁) ဦး၊ နား၊ နှာခေါင်း Special List (၁) ဦး၊ ဓာတ်မှန် Special List (၁) ဦး၊ စိတ်ရောဂါအထူးကု (၁) ဦး၊ သွားကျန်းမာရေး ဆရာဝန် (၁) ဦးနှင့် အထူးကုဘာသာ ၁၀ မျိုးတွင် အားလုံးစုစုပေါင်း ၁၄ ဦးကို ခန့်ထားပါကြောင်း၊ ထို့အပြင် ယခုလ ၂၂ ရက်တွင်လည်း အထူးကုဆရာဝန် Special List AS ရောဂါဗေဒ ဆရာဝန်တစ်ဦးကို ခန့်ထားပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းဆိုသည့် အထူးကုဆရာဝန်ကြီးဖြစ်သည့် မေ့ဆေး (၁) ဦး၊ ယခုလအတွင်း EC တွင်လည်း List ပါနေပါကြောင်း၊ မနေ့က အချိန်မရသည့်အတွက် EC က မပြီးသဖြင့် တနင်္လာနေ့တွင် ဆက်လုပ်မည် ဖြစ်သည့်အတွက်  ၂၈ ရက် ဇန်နဝါရီမတိုင်ခင် Order ထုတ်ပြီး မေ့ဆေးဆရာဝန်ကြီးကို ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်အထူးကုအားလုံး ၁၇ ဦးတွင် အထူးကုဘာသာရပ် ငါးခုတွင် မရှိသေးပါကြောင်း၊ မရှိသည်မှာကလည်း မှုခင်း၊ Microbiologic၊ အကြော၊ အဆစ်၊ ဦးနှောက်အာရုံကြော၊ ဦးနှောက်အာရုံကြော ခွဲစိတ်ခြင်းများ မရှိသေးပါကြောင်း၊ ဒါကလည်း ဗဟိုတွင် အင်အားနည်းနေသည့်အတွက် မိမိတို့တတ်နိုင်သလောက်သာ လည်ပတ်နိုင်ပါကြောင်း၊ အဆိုပါကိစ္စများကိုလည်း အကုန်လုံးသိရှိသည့်အတွက် Post Graduates များကိုလည်း ယခုနှစ်တွင် ပုံဖော်ပြီး နောက်နှစ်တွင်လည်း ယခုထက်ပိုမိုပြီး ဖော်နိုင်ရန်အတွက် မိမိတို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ Post Graduates များ ခေါ်မှသာလျှင် ယခုကဲ့သို့ ကုတင် ၂၀၀၊ ၁၀၀ နှင်‌့အထက် ဆေးရုံများတွင် Special List များ အကုန်ပြည်‌့ဝနိုင်မည် ဖြစ်ပါကြောင်း၊

လွယ်မွေတိုက်နယ် ဆေးရုံတွင်လစ်လပ်နေသော လက်ထောက်ဆရာဝန် မရှိသည့်ကိစ္စနှင့် ပတ်သက်ပြီး တင်ပြလိုသည်မှာ မိမိတို့နိုင်ငံတွင် အားလုံး Station Hospitality တိုက်နယ်ဆေးရုံပေါင်း ၇၄၅ ရုံ ရှိပါကြောင်း၊ အဆိုပါ ၇၄၅ ရုံတွင် ၂၅၀ နီးပါးခန့်က ဆရာဝန်မရှိသေးပါကြောင်း၊ မကြာခင် တစ်ထောင်ကျော်ခန့် ဝင်ရန်ရှိပါကြောင်း၊ နောက်ထပ်ခြောက်ပတ်ခန့်တွင် တစ်ထောင်ကျော်ခန့် ဝင်သည့်အခါတွင်လည်း တိုက်နယ်ဆေးရုံကို ဝင်ဝင်ချင်းမပို့ဘဲအနည်းဆုံး တိုင်းဒေသကြီးနှင်‌့ ပြည်နယ်ဆေးရုံ၊ Special List ရှိသည့် ဆေးရုံတွင် နှစ်နှစ်၊ သုံးနှစ်နှင့် လေးနှစ်ခန့်ကြာမှသာ ပို့ပါကြောင်း၊ ၎င်းတို့ ခွဲနိုင်၊ စိတ်နိုင်ခြင်းကို သေသေချာချာစိစစ်ပြီးမှ ပို့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဧပြီလ အတွင်း မိမိအနေဖြင့် ၎င်းအားဖြည်‌့ဆည်း ပေးမည်ကို ပြောကြားလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး