Skip to main content

 

လူ့ကျန်းမာရေးကို အများဆုံးဒုက္ခပေးနေကြသည့် ရောဂါများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ OIE တို့က ရောဂါကြီးသုံးမျိုး သတ်မှတ် ထားပါကြောင်း၊ တိရစ္ဆာန်တုပ်ကွေးရောဂါ၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ၊ ခွေးရူးရောဂါတို့ဖြစ်ပါ ကြောင်း၊ နောက်ရောဂါတစ်မျိုးက NT မိုက်တီးရီးယား Resistance ဟုခေါ်သော အဏုဇီဝပိုးများသည် ပဋိဇီဝဆေးကို ယဉ်ပါးသွားသော ရောဂါဖြစ်ပါကြောင်း၊  AMR ဟုခေါ်သော Antimicrobial resistance ပဋိဇီဝဆေးများကို ယဉ်ပါးသွားရခြင်းမှာ ပဋိဇီဝဆေးများကို မမှန်မကန်သုံးစွဲကြ သည့်အတွက် ဖြစ်ပါကြောင်း၊ ဘာမီတွန်၊ ပါရာဆီတမော့တို့ကဲ့သို့ ပဋိဇီဝဆေးများကို လွယ်လွယ်ကူကူ ဝယ်ယူရရှိ နေပါကြောင်း၊ ကွမ်းယာဆိုင်များတွင် စပ်ဆေးဟူ၍ ရောင်းချနေကြသည့် ဆေးများကို ဝယ်ယူ သောက်သုံးသည့်အခါ မှန်မှန်ကန်ကန်မသုံးစွဲဘဲ သောက်သုံးရမည့် အချိန်ကာလ အပြည့်မသုံးစွဲသည့်အတွက် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများ ပေါ်ပေါက်လာရပါကြောင်း၊ ပဋိဇီဝဆေးများကို အလွန်အကျွံသုံးစွဲမှုကြောင့် မွေးမြူရေးလုပ်ငန်းအချို့တွင်လည်း အသား၊ ငါး၊ နို့၊ ဥ စသည်အထိ ဆေးကြွင်းများ ပါရှိနေပါကြောင်း၊

ဆေးယဉ်ပါးရောဂါပိုးများ ဖြစ်ပေါ်လာပါက အလွန်စိုးရိမ်စရာ ကောင်းပါကြောင်း၊ ထို့ကြောင့် ပဋိဇီဝဆေးများကို စနစ်တကျမှန်မှန်ကန်ကန် သုံးစွဲရန်မှာ ကျန်းမာရေးလောက၏ စိန်ခေါ်နေသော ပြဿနာတစ်ရပ် ‌ဖြစ်ပါကြောင်း၊ ဆေးဝါးများကို စနစ်တကျထုတ်လုပ် ရောင်းချရန်အတွက် ဆရာဝန်များ၊ တိရစ္ဆာန်ကုဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများ အထူးလိုအပ်သည့်အတွက် ဆေးဝါးတက္ကသိုလ်ကို ဖွင့်လှစ်ထားပါကြောင်း၊ အဆိုပါဆေးဝါးတက္ကသိုလ်ကို တက်ခွင့်ရရှိရန် အမှတ်မှာ အလွန်မြင့်မားပါကြောင်း၊ ဆရာဝန်လိုင်းမမီသူများ၊ အမှတ်အနည်းငယ် နည်းသွားသူများ ဆေးဝါးတက္ကသိုလ်ကို တက်ကြရပါကြောင်း၊ ကျွမ်းကျင်သူများမှာ လူဦးရေအကန့်အသတ်အရ ခေါ်ယူသည့် ကိစ္စရပ်များတွင်လည်း မိန်းကလေးများသည် အမှတ်များသော်လည်း ဆရာဝန်လိုင်းကို တက်ခွင့်မရဘဲ ဆေးဝါးတက္ကသိုလ်ကို ရောက်သွားခြင်းများ များပြားသည့်အတွက် ဆေးဝါး တက္ကသိုလ်မှဆင်းလာသည့် ဆေးဝါးတက္ကသိုလ်ဘွဲ့ရသူများကို အစိုးရဌာနများ၊ ပုဂ္ဂလိကဌာနများ၊ ဆေးရုံဆေးခန်းများတွင် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်နေပါသနည်း၊ ၎င်းတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက် ပေးထားပါသနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အဆိုပါဆေးများကြောင့် မိမိတို့နိုင်ငံတွင် ဒုက္ခရောက်နေပါကြောင်း၊ Antibiotics resistance ဖြစ်နေပါကြောင်း၊ အထူးသဖြင့်စပ်ဆေးများ အလွန်အန္တရာယ်ရှိသည့်အတွက် ၎င်းစပ်ဆေးနှင့် ပတ်သက်ပြီး Facebook ၊ Website တို့တွင် လွှင့်တင်ပါကြောင်း၊ ငါးရက်တစ်ပတ်ခန့်အတွင်းတွင် ကြည့်‌ရှုသူပေါင်း ၄၀၇၀၀၀ ကျော် ဖြစ်သွားပါကြောင်း၊ Facebook ၏ အကျိုးကျေးဇူးတစ်ခု ဖြစ်ပါကြောင်း၊ အလားတူ မိခင်၏နို့ဦးရေသည် မည်မျှအရေးကြီးသည်ဟူသည့် အချက်များကို လွှင့်တင်ပါကြောင်း၊ ၂၀၀၀၀၀ ကျော် ကြည့်ရှုပါကြောင်း၊ ထို့ကြောင့် Website ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဝင်ကြည့်‌စေချင်ပါကြောင်း၊ ဝင်ရောက်ကြည်ရှုပြီးလျှင်လည်း ဝေဖန်/အကြံပြု နိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဆေးဝါးတက္ကသိုလ်မှ ထုတ်ပြီးသည့် B Farm ပွဲဦးအရဆိုလျှင် မိမိတို့ ရန်ကုန်ဆေးဝါး တက္ကသိုလ်ဟု မခေါ်ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးဝါးတက္ကသိုလ်အဖြစ် ခေါ်ပါကြောင်း၊ ၁၉၉၀-၂၀၁၈ ခုနှစ်အထိ ထုတ်ပြီးသည့်လူပေါင်း ၂၃၅၃ ဦးရှိပါသည်။ အလားတူ ဆေးဝါးတက္ကသိုလ် မန္တလေးတိုင်း ဒေသကြီးသည် ၂၀၀၀ ခုနှစ်တွင် ဖွဲ့ပြီး ၂၀၀၀ ကနေ ၂၀၁၈ ခုနှစ်အတွက်ကို ၁၁၄၂၅ ဦး ထုတ်ပြီးပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စုစုပေါင်းထုတ်ပြီးသည့် ဆေးဝါး B Farm ဘွဲ့ရလူသည် ၃၇၇၈ ဦးရှိပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆေးဝါး မဟာသိပ္ပံ Master Level အလိုက် ၁၂၈ ဦးနှင့် ပြည်တွင်းဆေးဝါး ပါရဂူဘွဲ့ ၁၃ ဦး မွေးထုတ်ပြီး ဖြစ်ပါကြောင်း၊ ပြည်ပတက္ကသိုလ် များအနေဖြင့် လုပ်နေသည်မှာ ဆေးဝါးမဟာသိပ္ပံဘွဲ့ရတစ်ဦးနှင့် ပါရဂူဘွဲ့ရသုံးဦး ရှိပါကြောင်း၊ အခုလောလောဆယ်တွင် ပြည်တွင်းတွင် မဟာဗျူဟာသိပ္ပံဆေးဝါး တက်မည့်‌လူ ၆၄ ဦး၊ ပြည်တွင်းတွင် ပါရဂူတက်နေသည့် သူ ၉ ဦး ရှိပါကြောင်း၊ မိမိအနေဖြင့် ပြည်ပကိုလွှတ်ထားပါကြောင်း၊ မဟာသိပ္ပံတက်နေသည့်လူ ၉ ဦး၊ ပြည်ပတွင် ပါရဂူဘွဲ့တက်နေသည့်သူ ၁၆ ဦး စေလွှတ်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် အခွင့်အလမ်းများ အနေဖြင့် ဆေးဝါးသိပ္ပံဘွဲ့ရပြီးလျှင် နိုင်ငံ့ဝန်ထမ်းအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန FDA တွင် ခန့်ပါကြောင်း၊ ထို့နောက်ဆေးဝါး ထုတ်လုပ်မှုစက်ရုံ မိမိတို့မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံများတွင် ခန့်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်ရုံများတွင်လည်း ခန့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး သိချင်သည့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆေးဝါးစက်ရုံများ ထုတ်လုပ်မှုအပိုင်း၊ အရည်အသွေး စစ်ဆေးမှုအပိုင်းကို ခန့်ပါကြောင်း၊ ခန့်သည့်အခါတွင် ပြည်တွင်းတွင်မက ပြည်ပကလာဖွင့်ပြီး ထုတ်နေသည့် နိုင်ငံခြားဆေးကုမ္မဏီများ ရှိပါကြောင်း၊ Industrial တွင်လည်း ခန့်ပါကြောင်း၊ ဆေးဝါးရောင်းချနေသည့် ဆိုင်ကြီးများတွင်လည်း အထူးသဖြင့် ထိန်းချုပ်ဆေးဝါး ရောင်းချသည့် ဆေးဆိုင်များတွင် ခန့်ပေးပါကြောင်း၊ ပုဂ္ဂလိကဆေးရုံကြီးများတွင်ရှိသည့် ဆေးဆိုင်တွင်လည်း သူတို့ဝင်လုပ်နေတာ အများကြီးရှိပါကြောင်း၊ ဆေးဝါးတင်သွင်းခြင်း လုပ်ငန်းကို လုပ်နေသည့် ကုမ္ပဏီတွင်လည်း အများကြီးရှိပါကြောင်း၊ မက်တီကယ်အနေဖြင့် လုပ်သည့်သူများကလည်း အများကြီးခန့်အပ်လေ့ ရှိပါကြောင်း၊ ဆိုလိုသည်က B Pharm မရသည့် လူတစ်ယောက်သည် အလုပ်အနေဖြင့် မခြားဘူးသဘောဆိုသည်ကို ပြပါကြောင်း၊ ယခုခေတ်တွင် ဆေးကုမ္ပဏီများ ထုတ်သည့် Industrial များက လာထုတ်သည့်အခါ ၎င်း၏လိုအပ်ချက်က အရမ်းများလာပါကြောင်း၊ အခွင့်အလမ်းကောင်းများ အများစွာရှိပါကြောင်း၊

နောက်တစ်ခုက ဆေးဝါးတက္ကသိုလ်က ဘွဲ့ရရှိသူများကိုလည်း မိမိတို့အစားအသောက် FDA တွင် ဆေးဘက်ကျွမ်းကျင် (၂) ဆေးဝါးရယ်၊ ဆေးဝါးစစ်ဆေးရေးမှူးများ ဝင်ရောက်တာဝန် ထမ်းဆောင် လျက်ရှိပါကြောင်း၊ ငါးနှစ်ပြီးလျှင်လည်း ဖွဲ့စည်းပုံအရ လစ်လပ်သည့် ဦးစီးအရေအတွက်ပေါ် မူတည်ပြီး မိမိတို့ရာထူးတိုးမြှင့် ခန့်ထားပေးခြင်း ရှိပါကြောင်း၊ မိမိတစ်ခု တင်ပြချင်သည်က ပါရမီမက်တီကယ် စတက်ဟု ခေါ်ပါကြောင်း၊ ဆေးဝါးနှင့်ဓာတ်မှန် ကျွမ်းကျင်များရှိပါကြောင်း၊ မိမိအနေဖြင့် အလုပ်ဝင်အောင် ဆွဲဆောင်သည့်အနေဖြင့် အရာရှိစကေး ၄၇၆ ယောက်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ၁၁၄ ယောက်ကို မိမိတို့တင်ထားပါကြောင်း၊ အဆိုပါဖွဲ့စည်းပုံ စိစစ်ရေးကို ဝန်ကြီးကိုယ်တိုင် ဦးစိုးဝင်းကို စာရေးပြီး Personal Letter ရေးပြီး အမြန်ခန့်အပ်ရန် လုပ်ပေးပါဟု လွန်ခဲ့သည့် ရက်သတ္တပတ်က စာရေးပါကြောင်း၊ ရမယ်ဆိုလျှင် အစိုးရဝင်သည့် B Pharm  များ အရမ်းများလာမည်။ ၎င်းတို့မှာ တက်လမ်းရှိမှပဲဝင်မည်။ ယခုဆိုလျှင် အရာရှိစကေးက ၄၇၆ ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး ၁၁၄ ယောက်ရှိပါကြောင်း၊ ဝင်ပြီးသည့်အခါကျမှ အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံရှိပြီး ထူးချွန်သည့်ပညာရှင်လျှင် အရာရှိစကေး၊ လက်ထောက် ညွှန်ကြားရေးမှူးရှိသည့်   Postern များတွင် အကုန်ခန့်ပါကြောင်း၊ ခန့်ုသည့် အခါတွင်လည်း အထူးသဖြင့်‌ FDA တွင်လည်း အများကြီး ခန့်ပါကြောင်း၊ ထို့နောက် ဆေးဝါးတက္ကသိုလ် (ရန်ကုန်) နှင့် မန္တလေးတွင်ရှိသည့် ဆေးဝါးဖော်စပ်ရေး ဗေဒဌာန၊ ဆေးဝါးဗေဒဌာန၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတုဗေဒဌာန၊ ပရဆေးဗေဒတွင်လည်း ဆေးဝါးတက္ကသိုလ်တွင် အလုပ်လုပ်နေသည့် သရုပ်ပြဆရာများ၊ ပါမောက္ခဌာနမှူးထိ လုပ်နေသည်အထိ အလုပ်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဆေးဝါးတက္ကသိုလ် (ရန်ကုန်) နှင့် မန္တလေးတွင် ဆေးဝါးသိပ္ပံဘွဲ့ရ B Pharm ရရှိပြီးသူ ၁၀၈ ဦး တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် အားလုံးပေါင်း လက်ထောက် ညွှန်ကြားရေးမှူး လုပ်နေသည့်သူ ၂၄ ဦးရှိပါကြောင်း၊ လုပ်ငန်းအရာရှိနှင့် လုပ်သည့်သူ ၁၁၉ ဦး လုပ်နေပါကြောင်း၊ ကျမ်းကျင် (၂) ဆေးဝါးနှင့်လုပ်သည့် သူ ၄၁၃ ဦး လုပ်ပါကြောင်း၊ စုစုပေါင်း အောင်သည့် သူ ၅၅၆ ဦးနှင့် ပါမောက္ခ Associate Professor အထိ ခန့်ထားပြီးလုပ်နေခြင်း ဖြစ်ပါကြောင်း၊ ကုသရေးဦးစီးဌာနတွင်ရှိသည့် ပြည်သူ့ဆေးရုံနှင့် FDA တို့တွင်လည်း တာဝန်ထမ်း ဆောင်နေသည့် ဆေးဘက်ကျွမ်းကျင် (၂) လစာနှုန်း ၂၁၆၀၀၀ နှင့် ၂၂၆၀၀၀ ကို နှစ်စဉ်ခေါ်ယူလျက် ရှိပါကြောင်း၊ ၎င်းမှာ ပြဿနာအနည်းငယ် ရှိပါကြောင်း၊ ပြဿနာအနည်းငယ် ရှိသည်မှာ မိမိတို့ ခေါ်သော်ငြားလည်း လာရောက်လျှောက်ထားခြင်း မရှိပါကြောင်း၊ ဥပမာ ၂၀၁၈ ခုနှစ်က ကုသရေးဦးစီး ဌာနက ၁၄၂ ဦး သတင်းစာထဲထည့်ပြီးခေါ်ရန် ကြေညာပါကြောင်း၊ နှစ်ဦးသာလာရောက် လျှောက်ထားပါကြောင်း၊ အလားတူစွာ FDAက ၁၅၀ လိုသည်ကို ၂၇ ဦးသာ လာရောက် လျှောက်ထားပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို လုပ်ရအောင် MSC Chemistry, MSC Industry Chemistry သမားများရရှိအောင် လျှောက်လွှာကိုပြီးခဲ့သည့် ကြေးမုံသတင်းစာတွင် ခေါ်ထားပါကြောင်း၊ သို့မှသာ လုပ်ငန်လည်ပတ်မှု ပိုမိုအားကောင်းမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အရေးလည်းကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ ဆေးဝါးတက္ကသိုလ်တွင် Basher တပ်မည်ဆိုလျှင် လျှောက်လွှာတွင် မိမိမှသင်တန်းပြီးဆုံးအောင် သင်ကြားပါမည်၊ ထို့ပြင် ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်‌အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာမပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်ဟု ကတိထုတ်ထားသည့် စာချုပ်ရှိပါကြောင်း၊ အကယ်၍ စာချုပ်အတိုင်း မလိုက်နာမည်ဆိုလျှင် ကျပ်ငွေ လေးသိန်း လျော်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် B Pharm များ၏ လူများကိုလည်း Request လုပ်ချင်သည်မှာ မိမိတို့နိုင်ငံကို တာဝန်ထမ်းဆောင်ရင်းဖြင့် အလုပ်ဝင်ကြပါဟု ပြောချင်ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတွင်လည်း သရုပ်ပြရာထူး ၂၈ ဦး လစ်လပ်ပါကြောင်း၊ အဆိုပါ ကိစ္စကိုလည်း လျှောက်လွှာအမြန်ဆုံး ခေါ်မည်ဖြစ်သည့်အတွက် ဝင်ရောက်ဖြေကြားပြီး အလုပ်ကို ဝင်စေချင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး