Skip to main content

 

ဝန်းသို-မဲဇာလမ်းပေါ်ရှိ ကတ္တရာလမ်းခင်းရန် ကျန်ရှိနေသေးသည့်အပိုင်းအား ကတ္တရာလမ်းခင်းပေး ခြင်းနှင့် ၎င်းလမ်းပေါ်ရှိ တံတား ၁၂ စင်းတို့အား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း၊ သံကူကွန်ကရစ်ကြမ်းခင်းတည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်းတို့အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဝန်သို-မဲဇာလမ်းသည် ကသာခရိုင်ထဲတွင်ရှိသည့် ဝန်းသိုမြို့နယ်နှင် အင်းတော်မြို့နယ်ကို ဆက်သွယ်ထားသော မြို့နယ်ချင်းဆက်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ဝန်းသိုတစ်မြို့တည်း အတွက် အကျိုးပြုနေခြင်းမဟုတ်ဘဲ ကောလင်းမြို့နယ်နှင် ပင်လည်ဘူးမြို့နယ်တို့ပါ  အကျိုးပြုနေခြင်း ဖြစ်ပါကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမြို့ဖြစ်သည့် ကသာမြို့နယ်အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စများအတွက် အဆိုပါလမ်းကို အသုံပြုသွားလာ ဆောင်ရွက်နေကြရခြင်း ဖြစ်ပါကြောင်း၊ မကြာသေးခင်က ကသာခရိုင်ထဲတွင်ရှိသည့် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးသုံးမြို့ကို ခွဲထုတ်ပြီး ကောလင်းခရိုင်အဖြစ် အတည်ပြုသတ်မှတ် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည့်အတွက် ထိုလမ်းသည်နောင်အခါ ကသာခရိုင်နှင့်ကောလင်း ခရိုင်ကိုဆက်သွယ် ပေးထားသော အရေးပါသည့် ခရိုင်ချင်းဆက် လမ်းဖြစ်လာမည် ဖြစ်သည့်အတွက် အဆင်မြှင့်တင် ပေးရန် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

ဝန်းသို-မဲဇာလမ်းသည် ၂၀၁၄ ခုနှစ်မှ စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဝန်းသိုမြို့မှ အင်းတော်မြို့နယ်အထိ ၄၇ မိုင်ရှိပြီး ဝန်းသိုမြို့နယ်အပိုင်းတွင် ၂၉ မိုင် ဖာလုံရှိပါကြောင်း၊ မူလက မြေသားလမ်းဖြစ်ပြီး ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ၁၆ မိုင် ဖာလုံကို ကတ္တရာလမ်းအဖြစ် ၁၂ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုမိမိ မေးမြန်းသည့် အပိုင်းက ကျန်ရှိနေသော ၁၃ မိုင် ဖြစ်ပါကြောင်း၊ ၁၃ မိုင်ကိုလည်း ကတ္တရာလမ်းအဖြစ် အဆင်မြှင့်တင်ပေးရန် မေးမြန်းရခြင်း ဖြစ်သည့်အပြင် ထိုလမ်းပေါ်ရှိ Box Culvert ရှစ်ခု၊ သံကူကွန်ကရစ် တံတားနှစ်ခု၊ သံကူကွန်ကရစ်ကြမ်းခင်း တည်ဆောက်ခြင်းနှစ်ခု အဆင့်မြှင့်တင် တည်ဆောက်ပေးရန် လိုအပ်လျက် ရှိနေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ဝန်းသို-မဲဇာ လမ်းပေါ်ရှိ ကျန်ရှိနေသော ၁၃ မိုင်အား ကတ္တရာလမ်း ခင်းပေးရန်နှင် ၎င်းလမ်းပေါ်ရှိ တံတား ၁၂ စင်း တို့အား သံကူကွန်ကရစ်တံတား အဖြစ်လည်းကောင်း၊ သံကူကွန်ကရစ်ကြမ်းခင်း တည်ဆောက်ခြင်း ဖြင့်လည်းကောင်း၊ Box Culvert များ တည်ဆောက်ခြင်းဖြင့်လည်းကောင်း  မည်သည့် ဘဏ္ဍာရေး နှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို-မဲဇာ- နန့်သဲလမ်းအရှည်သည် ၃၇ မိုင် ဖာလုံရှိပြီး ဝန်းသိုမြို့နယ် အပိုင်းကစုစုပေါင်း ၂၉ မိုင် ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး ၃၀--၂၀၁၈ ရက်နေ့အထိ လမ်းအခြေအနေသည် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၇ မိုင်နှင့် အမာခံလမ်း ၁၂ မိုင် ဖာလုံ စုစုပေါင်း ၂၉ မိုင် ဖာလုံ ဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်ရှိ တံတားသုံးစင်းပြုပြင်ခြင်း လုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သာမန်ရန်ပုံငွေ ၂၁. သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀ လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအကန့်အသတ်အရ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း တစ်စင်း၊ မူလသစ်သားကြမ်းခင်းအား သံကူကွန်ကရစ် ကြမ်းခင်းဖြင့် လဲလှယ်ခြင်း တစ်စင်းစသည့် လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သာမန်ရန်ပုံငွေကျပ် ၅၀ သန်းဖြင် ပြန်လည်လျာထား နိုင်ခဲ့သည့်အတွက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် သံကူကွန်ကရစ် တံတားများ တည်ဆောက်ခြင်း လုပ်ငန်းများကိုလာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေဆက်လက် တင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း