Skip to main content

ယခုမေးခွန်းကို မိမိမေးခဲ့စဉ်က စစ်ဘေးရှောင် အရေအတွက်သည် ၁၀၀၀၀ ကျော်သာ ရှိကြောင်း၊ ယခုအချိန်တွင် ၅၀၀၀၀ ကျော်ရှိနေပြီဟု သတင်းများအရ သိရှိရကြောင်း၊ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် တိုက်ပွဲသည် နယ်မြေကျယ်ပြန့်လာပြီး ပိုမိုပြင်းထန်လာနေပါကြောင်း၊ ၎င်းအခြေအနေကြောင့် ကြားကမြေစာပင်ဖြစ်ကြရသည့် အပြစ်မဲ့ပြည်သူများဖြစ်ကြောင်း၊ အိုးပစ်၊ အိမ်ပစ်၊ စီးပွားပစ် စစ်နှင့် ဝေးရာကို အသက်နှင့်လုပြီး ပြေးနေရကြောင်း၊ မသေထမင်း၊ မသေဟင်း ထမင်းတစ်နပ်အတွက် အလှူရှင်များကို မျှော်ကိုးပြီး အသက်ဆက် နေရကြောင်း၊ နွေရာသီတွင် ဘုန်းတော်ကြီးကျောင်းအောက်တွင် ခိုလှုံနေကြကြောင်း၊ ထို့အတူ ရွက်ဖျင်တဲများဖြင့်နေရကြောင်း၊ ထို့အပြင် လူများသာမက တိရစ္ဆာန်များပါ ဒုက္ခရောက်သည်ကို သိရှိနိုင်ကြောင်း၊

နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လာရောက်ပြီး စစ်ဘေးရှောင်များအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးအတွက် ကူညီဆောင်ရွက်ပေးမှုများ ရှိကြောင်း၊ ထ့ိုအတွက်ကျေးဇူး လည်း တင်ကြောင်း၊ သို့သော် လိုအပ်ချက်အတိုင်းအတာသည် ကြီးမားလွန်းသည့်အတွက် ဆင် ပါးစပ်နှမ်းပက်သလို ဖြစ်ကြရကြောင်း၊ စားရေးတစ်ခုတည်းကိုသာ ပြန်စဉ်းစားရကြောင်း၊

လူ ၅၀၀၀၀ ကျော်အတွက် မနက်စာ ၅၀၀ ကျပ်၊ ညနေစာ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်နှုန်းဖြင့် တွက်မည်ဆိုပါက တစ်ရက်ကို သိန်း ၅၀၀ ကုန်ကျမည်ဖြစ်ကြောင်း၊ တခြားနေစရာအိမ်၊ ဝတ်စရာ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အိမ်သာ၊ ကျန်းမာရေးအတွက် ဆေးဝါးအစရှိသဖြင့် ဖြည့်ဆည်း ပေးရမည့် အတိုင်းအတာသည် မည်မျှအထိကြီးမားသည်ကို သဘောပေါက်ပါကြောင်း၊ ထို့ကြောင့် များပြားသည့် လိုအပ်ချက်ကို နိုင်ငံတော်အစိုးရ တစ်ခုတည်းဖြင့် ပြည့်စုံအောင် လုပ်ပေး နိုင်မလား ဆိုသည်က မေးခွန်းတစ်ခု ဖြစ်လာကြောင်း၊ နောက်ဆုံးမိုးတွင်းတွင် ပြည်သူများ၊ ဒုက္ခသည်များ ခံစားနေရသည့် အခြေအနေဖြစ်ကြောင်း၊

လက်တွေတွင် ယခုကဲ့သို့ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးများကို နိုင်ငံတော်အစိုးရကသာ သပ်သပ် တာဝန်ယူ ဖြေရှင်းသည်ထက် UNINGONGOCSO၊ ပရဟိတအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်စေတနာရှင်အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပိုပြီးထိရောက်မည်ဖြစ်ကြောင်း၊ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကန့်သတ်ချက်များရှိနေသည့်အတွက် အလှူရှင်များသည် စိတ်မ ချမ်းသာဖြစ်ရပြီး စိတ်ပျက်ရာက နောက်ဆုံးလက်တွန့်သွားကြရသည့် အခြေအနေကို ရောက်ရှိခဲ့ ကြောင်း၊ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ WFPICRC နှစ်ဖွဲ့ကလွဲ၍ တခြားအဖွဲ့အစည်း များကို အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားကြောင်း၊ ဌာနဆိုင်ရာများကို အလှူငွေမကောက် ခံရန် ညွှန်ကြားထားသည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုစေတနာရှင်များ အလှူငွေ ကောက်ခံမည်ဆိုပါက မြို့နယ်အာဏာပိုင်ထံတွင် ခွင့်ပြုချက်ရယူရကြောင်း၊ အစစ်ဆေး ခံရကြောင်း၊ ၎င်းကန့်သတ်တားမြစ်ချက်များကြောင့် အထောက်အပံ့အကူအညီများ တဖြည်းဖြည်း လျော့နည်းလာကြောင်း၊ ထိုအခြေအနေများတွင် အင်တာနက်လိုင်းများကို ပိတ်ခံထားရသည့် အတွက်ကြောင့်အကူအညီများ မည်သည့်နေရာတွင် မည်သည့်အထိ လိုအပ်နေသည်ကို အလှူရှင် များ အချိန်နှင့်တစ်ပြေးညီ မသိနိုင်တော့ကြောင်း၊ ၎င်းစစ်ပွဲများသည် မည်သည့်အချိန်ပြီးမည်ကို မသိကြောင်း၊ ငြိမ်းချမ်းရေးသည် ကမ်းမမြင်လမ်းမမြင် အခြေအနေရောက်နေကြောင်း၊ ထိုအချိန် တွင် တစ်နေ့တခြားတိုးပွားလာပြီး ဒုက္ခပင်လယ်ဝေနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် နိုင်ငံတော်အစိုးရက မည်သို့ကူညီမည်နည်း၊ မည်သို့ကူညီထားသနည်း၊ ရှေ့ဆက် မည်သို့ကူညီမည်နည်းဆိုသည်ကို အကုန်လုံးသိချင်နေကြကြောင်း၊

မြန်မာ့သမိုင်းတွင်ထင်ရှားသည့် မေတ္တာနှလုံးသားပိုင်ရှင် ဘုရင်တစ်ပါးရှိပါကြောင်း၊ ရွှေစည်းခုံ ဘုရား ဘုရားဒါယိကာကြီး ကျန်စစ်သားမင်း ဖြစ်ကြောင်း၊ ၎င်း၏ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ရွှေစည်းခုံကျောက်စာတွင်များစွာသော ခပ်သိမ်းတို့သည် သားတစ်ကွဲ၊ မယားတစ်ကွဲ၊ မိဘတစ်ကွဲ ဖြစ်ကြရကုန်၏၊ သူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့၊ သူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် အဝတ်အထည် တန်ဆာကို ပေးအံ့၊ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့လို့ ကမ္ပည်းရေးထိုးကမ္ပည်းတင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀ ကျော် က သက်ဦးစံပိုင်ပဒေသရာဇ်ရှင်ဘုရင်တစ်ပါး၏ မွန်မြတ်လှသည့်စေတနာတရားကို ရင်နှင့်အမျှ ခံစားမိကြောင်း၊ ယနေ့ပြည်သူမှ ရွေးချယ်ထားသည့်၊ တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရ၏ နှလုံးအိမ်တွင် ၎င်းထက်မလျှော့သည့် မေတ္တာစေတနာ သဒ္ဓါတရားများ ပြည့်နှက်ကိန်းအောင်း နေမည်ဟု ယုံကြည်သည့်အတွက်  မေးမြန်းပါသည်။


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းမှစပြီး မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွား နေမှုကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံမှု အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့် မြို့နယ်ရှစ်မြို့နယ်တွင်ရှိသည့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် တင်ပြပါအတိုင်း တိုက်ပွဲရှောင်စခန်း စုစုပေါင်း ၆၅ နေရာ ဖွင့်လှစ် ထားရှိပြီး အိမ်ထောင်စု ၆၁၉၆ စု၊ လူဦးရေ ၂၀၂၂၁ ဦးသည် ပြန့်ကျဲနေထိုင်လျက်ရှိသည့်အပြင် ပြည်နယ်ချင်းဆက်စပ်နေသည် ချင်းပြည်နယ်ပလက်ဝမြို့နယ်အထိကို တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ယာယီ ခိုလှုံရန်စခန်းများတွင် နေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့အထိ အိမ်ထောင်စု ၁၇၆၇၆ စု၊ လူဦးရေ ၇၀၆၅၆ ဦးအတွက် စုစုပေါင်း ကျပ်သန်း ၁၁၈၆.၃၉၅ သန်း တန်ဖိုးရှိသည့် စားနပ် ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထောက်ပံ့ကြေးငွေများလည်း ပံ့ပိုးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCs)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ များအသင်း (Federation IFRC) တို့ ပါဝင်ဖွဲ့စည်းထားသည့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ Red-Cross Movement ASEAN နှင့်ပူးပေါင်း၍လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့အထိ တိုက်ပွဲရှောင် အိမ်ထောင်စု ၇၂၅၅ စု၊ လူဦးရေ ၂၇၀၉၇ ဦး အတွက် တင်ပြပါအတိုင်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်း၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာ ဖြန့်ချိခြင်း များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့်ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တိုက်ပွဲရှောင်လူဦးရေ ၇၄၀၉ ဦး အတွက် စားနပ်ရိက္ခာ တစ်လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ ၁၀၈.၄၅၅ မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သည့်နေရာများအတွက် ထောက်ပံ့ငွေများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ + ၃ အရေးပေါ်ဆန် အရန်ရိက္ခာ အစီအစဉ် အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းထားသည့် ဆန်များမှကျန်ရှိနေသည့် ဆန်တန်ချိန် ၂၅၀၊ အိတ်အားဖြင့်ဆိုရင် တစ်တင်းခွဲအိတ် ၆၂၅၀ အိတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်တွင် ရှိသည့် တိုက်ပွဲရှောင်ပြည်သူများကိုလည်း ဖြန့်ဝေထောက်ပံ့ပေးလျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများကို ကုလသမဂ္ဂအဖွဲ့အစည်းများမှကူညီပေးရန် အဆိုပြုမှုနှင့်စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးကို မိမိ တို့ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ မိမိဦးဆောင်ပြီး ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နိုင်မှု၊ လျာထားမှု၊ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂ အရေးပေါ်တုန့်ပြန်ရေး ရန်ပုံငွေနှင့် အခြားရန်ပုံငွေများမှ တောင်းခံထားရှိမှုတို့ကို ဆွေးနွေး တင်ပြထားရှိပြီး ထောက်ပံ့မှုအခြေအနေများကို ဆိုင်ရာဌာနများနှင့်လည်း ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအပြင် ပြည်နယ်ချင်းဆက်စပ်နေသည့် ချင်း ပြည်နယ် ပလက်ဝမြို့နယ်ကို ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကိုလည်း ထောက်ပံ့ပေး လျက်ရှိရာ မိမိတို့ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ခရီးစဉ်တွင် ပလက်ဝ မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲ၊ မိုးကာလိပ်စသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် မိမိတို့ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့အပြင် စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ငွေကျပ် ၂၃၆၆.၈၄ သိန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၎င်းခရီးစဉ်တွင် မိမိတို့ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ပလက်ဝကို စစ်တွေမှတစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် သွားရန်အတွက် စစ်တွေတွင် စောင့်ဆိုင်းနေသော်လည်း ရာသီဥတုက နှစ်ရက်စလုံး ရဟတ်ယာဉ်က တက်လို့မရသည့်အတွက် သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိ သူများကို စစ်တွေတွင် လွှဲပြောင်းပေးခဲ့ရသည့်အနေအထားဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များ ယာယီ ခိုလှုံရာစခန်းများကို ရောက်ရှိနေကြောင်း သတင်းရရှိလျှင်ရရှိချင်း မိမိတို့ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ စာအုပ်၊ ပလတ်စတစ်ဖျာ၊ အမျိုးသမီးသုံး အသုံးအဆောင်ပစ္စည်းများ၊ Dignity Kits များ စသည့် ကယ်ဆယ်ရေးပစ္စည်းတွေ၊ သေဆုံးဒဏ်ရာရထောက်ပံ့ကြေးငွေများကိုလည်း ဒေသခံအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ ၎င်းထောက်ပံ့ပေးသည့်နေရာတွင် တချို့နေရာများသည် ဝေးလံခေါင်ဖျားပြီး သွားလာမှုခက်ခဲသည့်အတွက် လုံခြုံရေးအခြေအနေအရသွားရန်၊ အချိန်မီရောက်ရန် ခက်ခဲသည့် ဒေသများအတွက် ၎င်းဒေသခံကိုယ်စားလှယ်များနှင့် ဖုန်းဖြင့် ချိတ်ဆက်ပြီး ၎င်းတို့ဆီက ကိုယ်စားလှယ်မှ လာရောက်ပြီး အနီးဆုံးနေရာကို လုံခြုံရေးအရ အဆင်အပြေဆုံး အနီးဆုံး နေရာကို စေလွှတ်ပြီး ထုတ်ယူစေသည့်နည်းလမ်းဖြင့် မိမိတို့ အကောင်းဆုံး ထောက်ပံ့ပေး ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အချို့မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူများကို ထောက်ပံ့ရန်အတွက် မိမိတို့ဝန်ကြီးဌာန အပါအဝင် ဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ညှိနှိုင်းပြီး ယာယီခိုလှုံရန် စခန်းများဖွင့်လှစ်မှု၊ အဆောက်အဦ ဆောက်လုပ်မှုဖြင့် စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့် သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေကိစ္စရပ်များ ပါဝင်သည့် ယာယီ နေရာချထားပေးနိုင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်များအရ ရခိုင် ပြည်နယ်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် တစ်ဘီလီယံဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၆၁၇.၅၀၀ သန်း စုစုပေါင်း ကျပ် ၁၆၁၇.၅၀၀ သန်းဖြင့် တိုက်ပွဲရှောင်စခန်း ခုနစ်ခုကို လက်ရှိဆောက်လုပ်ပေးလျက်ရှိကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများသည် တိုက်ပွဲရှောင်စခန်းများ ရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ တင်ပြပါရှစ်မြို့နယ်မှ ယာယီခိုလှုံရာ စခန်းများမှာရှိသည့် ပြည်သူများနှင့် ဒေသခံများကို ဆေးကုသမှု စုစုပေါင်း ၂၂၄၈၈ ဦးရှိပြီး၊ ခြင်ထောင် ၃၄၉၄ ထည်နှင့် လိုအပ်သည့်ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက် ရှိကြောင်း၊ တိုက်ပွဲရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း နီးစပ်ရာကျောင်း များနှင့် ယာယီခိုလှုံရာစခန်းများတွင်ရှိသည့် အိပ်ဆောင်များတွင် နေရာအခန်းဖွဲ့ပြီး သင်ကြား ပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ ၎င်းပညာရေးကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပညာသင်ကြားမှုအခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီ ထောက်ပံ့မှုများကို ပြည်နယ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထပ်မံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးညှိနှိုင်းအစည်းအဝေးများကို ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ပြည်ထောင်စု ဝန်ကြီးဦးစီးပြီး ၂၀၁၉ ခုနှစ်၊ မေလနှင့် ဇူလိုင်လများတွင် သွားရောက်ပြီး တိုက်ပွဲရှောင် ပြည်သူများနှင့် စားနပ်ရိက္ခာများကို ယခုနှစ်ဇန်နဝါရီလမှစပြီး လစဉ်ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထို့အပြင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေး အထောက်အကူပြုကော်မတီ၏ တွေ့ရှိချက်များနှင့် ကိုယ်စားလှယ်များ၊ ပါတီများ၊ ဒေသခံ အဖွဲ့အစည်းများ၏ တွေ့ရှိချက်များမှ လိုအပ်ချက်များကိုလည်း မိမိတို့ထောက်ပံ့ပေးလျက် ရှိကြောင်း၊

မေလအတွင်း အထောက်အကူပြုကော်မတီ၏ ခရီးစဉ်တွင် မိမိကိုယ်တိုင်လိုက်ပါပြီး ဒေသခံ အဖွဲ့အစည်းများ၊ ပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များ၊ လိုလားချက် များကို မိမိတို့မှဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်နယ် အစိုးရနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်သည့် နေရာများရှိ တိုက်ပွဲရှောင်ပြည်သူများအား ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာပံ့ပိုးမှုဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား လတ်တလော၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းစီမံဆောင်ရွက် လျက်ရှိသည့်အပြင် နောက်ပိုင်းတွင်ပြန်လည်ထူထောင်ရေးကဏ္ဍများတွင် ဆက်လက်ပြီး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဖေသန်း (မြေပုံ မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့မှုမရှိသည့်အတွက် ပြောခြင်းမဟုတ်ကြောင်း၊ သတင်းများအရ ကူညီထောက်ပံ့နေ သည်ကို သိရကြောင်း၊ ဝန်ကြီးပြောသည့် အတိုင်းဖြစ်ပါကြောင်း၊ စစ်ဘေးဒုက္ခသည် လူဦးရေသည် နောက်ဆုံးလက်ရှိ စာရင်းများအရ ၅၀၀၀၀ ကျော်ရှိပါကြောင်း၊ ပြောသည်က ၂၀၀၀၀ ကျော်သာ ဟု ကြားလိုက်ကြောင်း၊ ထို့အတွက် မိမိမေးလိုသည်က ဝန်ကြီးဌာန၏အကူအညီများသည် လုံလောက်ရဲ့လား၊ တကယ်တမ်း စစ်ဘေးဒုက္ခသည်များအတွက် အချိန်နှင့် တစ်ပြေးညီ စားသုံး နိုင်ရန်အတွက် ဆေးဝါး၊ ရိက္ခာ အကုန်လုံးအတွက် လုံလောက်ရဲ့လား ဆိုသည်က တစ်ချက် ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်က ထိုကဲ့သို့ရှေ့ဆက်ပြီးဒုက္ခသည်များ များပြားလာမည်၊ လက်ရှိ အခြေအနေတွင် အများကြီးများနေကြောင်း၊ ၎င်းကိစ္စများကို စနစ်တကျ ကူညီနိုင်ရန်အတွက်၊ ဆောင်ရွက်ရန်အတွက်၊ ပြည့်ပြည့်စုံစုံဖြစ်ရန်အတွက် ဝန်ကြီးဌာနမှ မည်ကဲ့သို့ စီမံချက်ချပြီး ဆောင်ရွက်သွားမည်ကို ဒုက္ခရောက်နေသည့် ပြည်သူများအားရဝမ်းသာဖြစ်စေချင်သည့်အတွက် မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် လက်ရှိနိုင်ငံတော်မှ ထောက်ပံ့ပေးနိုင်မှုအခြေအနေ လုံ လောက်မှုရှိရဲ့လားဆိုသည့်အပိုင်းတွင် ထိုအချက်ကို နိုင်ငံတော်အနေဖြင့်လုံလောက်စွာဖြင့် ထောက်ပံ့ပေးနိုင်သည်ဆိုသည့်အကြောင်း မိမိအနေဖြင့်တင်ပြလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်ကိုယ်စား မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက် ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးသည့်အပြင် လယ်ယာစိုက်ပျိုးရေးကိစ္စများနှင့် ပတ်သက်သည့်အပိုင်းကို သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၎င်းတို့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာရေးကဏ္ဍကိုလည်း ထို့အတူ ဆောင်ရွက်ကြောင်း၊

ထို့အပြင် လူမှုအဖွဲ့အစည်းများ၏ လာရောက်ထောက်ပံ့ပေးနိုင်မှုအပိုင်းကိုလည်း မိမိတို့အနေဖြင့်၊ နိုင်ငံတော်အနေဖြင့်၊ ပြည်နယ်အစိုးရအနေဖြင့် ကန့်သတ်ထားခြင်း၊ ကန့်ကွက်ထားခြင်း မရှိကြောင်း၊ လာရောက်ထောက်ပံ့မှုများကို လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် လုံခြုံရေးအခြေအနေတစ်ခုသာ ကန့်သတ်မှုဖြစ်နေကြောင်း၊ လုံခြုံရေး အခြေအနေအရ သွားရောက်နိုင်မှုမရှိသည့် နေရာများအတွက် မိမိတို့၎င်းအပိုင်းကို အဓိကထားပြီး ဆောင်ရွက်ပေးနေသည့် အပိုင်းရှိကြောင်း၊ များပြားလာသည့်သူများအတွက် မိမိတင်ပြပြီး ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ၎င်းတို့၏ အရေးပေါ်ရန်ပုံငွေ (Set fan, Several  Emergency Release Fan) ၎င်းအနေအထားမျိုးဖြင့် ၎င်းတို့တွင် ရရှိနေသည့် အပိုင်းကို ၎င်းတို့၏ ကဏ္ဍအသီးသီးတွင် ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ပူးပေါင်း ဆောင်ရွက်လိုသည်ဆိုသည့်အချက်ကို မိမိတို့ဆီပြီးခဲ့တဲ့လနောက်ဆုံးပတ်ထဲတွင် လာရောက်ပြီး ဆွေးနွေးလာပြီဖြစ်သည့်အတွက် ထို့အချက်များမိမိတို့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုများ၊ လူမှုအဖွဲ့အစည်းများ၏၊ စေတနာရှင်များ၏ ပူးပေါင်းပါဝင်ကူညီမှုကို လက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်