Skip to main content

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာအုပ်စု၊ ဆပ်သွားချောင်း သဗြာဆိပ်တွင် တန် ၄၀ ခန့်ဆံ့သည်‌့ တရားမဝင်သစ်တင်လှေတစ်စီး၊ တန် ၂၀ ခန့်ဆံ့သည်‌့ တရားမဝင်သစ်တင်လှေတစ်စီး စုစုပေါင်း နှစ်စီးကို ၁၈-၅-၂၀၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပါ‌ကြောင်း၊ ၎င်းဖမ်းဆီးရမိသည်‌့ လှေနှစ်စီး အနက် တန် ၂၀ ခန့်ဆံ့လှေငယ်တစ်စီးကိုသာ ၁၈-၅-၂၀၁၉ ရက်နေ့တွင် ဆပ်သွားချောင်း တံတား အောက်နားသို့ ခေါ်ယူခဲ့ပြီး လှေပေါ်မှသစ်များကို မြေပြင်သို့ချကာ တိုင်းတာစာရင်းယူခဲ့ပါကြောင်း၊ တန် ၄၀ ခန့်ဆံ့သည်‌့ သစ်တင်လှေကြီးသည် ၁၉-၅-၂၀၁၉ ရက်နေ့ ည ၁၁ နာရီခန့်မှ ဆပ်သွားချောင်း တံတားအောက်နားသို့ ရောက်ရှိလာပြီး ကျောက်ချရပ်နားနေခဲ့ပါကြောင်း၊ ၂၀-၅-၂၀၁၉ ရက်နေ့တွင်  သစ်များချခဲ့ကြောင်း တိုင်းတာစာရင်းယူခဲ့သည်ကို မတွေ့ရှိဘဲ ၂၁-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းလှေကြီးမရှိတော့သည်ကို သိရှိရပါကြောင်း၊ သစ်တောဝန်ထမ်းများကို သတင်းပေးခေါ်ယူခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံများပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သော ၎င်းဖမ်းမိလှေများပေါ်သို့ သစ်တောဝန်ထမ်းငါးဦး၊ ရဲဝန်ထမ်းနှစ်ဦးရောက်ရှိပြီးမှ အိမ်ပြန်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီးရ မိသည့် ၁၈-၅-၂၀၁၉ ရက်နေ့မှ ၂၁-၅-၂၀၁၉ ရက်နေ့အထိ သုံးရက်ကြာရှိနေခဲ့သော်လည်း သစ်များ ကို မြေပြင်သို့ချခဲ့ခြင်းမရှိဘဲ လွတ်မြောက်သွားခြင်းသည့်အပေါ် တာဝန်ရှိဝန်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်းသိလိုခြင်းနှင်‌့ အရေးမယူပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

၁၈-၅-၂၀၁၉ ရက်နေ့ ညနေခြောက်နာရီခွဲအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာ ဆပ်သွားချောင်းအတွင်း တရားမဝင်သစ်တင်ဆောင်ထားသည့် စက်လှေများရှိကြောင်း သတင်းပေး ချက်အရ ဂွမြို့နယ် သစ်တော ဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်ဝင်းနှင်‌့အဖွဲ့ ဆပ်သွားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ ရာအိမ်မှူး ဦးဇော်မျိုးအောင်၊ ဆပ်သွားရဲကင်းစခန်းမှ ရဲတပ်ကြပ် ရန်နိုင်မျိုးနှင်‌့ ရဲတပ်သား ပြည်‌့ဖြိုးအောင်တို့ ပါဝင်သည့် အဖွဲ့ဟာ ဆပ်သွားချောင်းအတွင်းသို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဆပ်သွားရဲကင်းစခန်း၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ဆပ်သွား ချောင်း၊ သဗြာဆိပ်ချောင်းအတွင်း အလျား ၅၄ ပေ၊ အနံ ၁၉ ပေ၊ စောက် ၉ ပေရှိ ခြောက်လုံးထိုး အင်ဂျင်စပ်တပ် စက်လှေတစ်စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား ၁၅၂ ချောင်း၊ ၄၂.၇၂၆ တန် ကာလတန်ဖိုး ကျပ်သိန်း ၅၀ ခန့်နှင်‌့ ဆပ်သွားချောင်း၊ ဆားချက်ကလေးချောင်းအတွင်း အလျား     ၄၈ ပေ၊ အနံ ၁၁ ပေ၊ စောက် ၆ ပေရှိ လေးလုံးထိုးအင်ဂျင်စက်တပ် စက်လှေတစ်စီးပေါ်မှ တောင် သရက်ခွဲသား ၈၁ ချောင်း၊ ၁၀.၉ တန် ကာလတန်ဖိုး ၁၃ သိန်းခန့်ကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ပါကြောင်း၊

အဆိုပါဖမ်းဆီးရမိသည့် တရားမဝင်သစ်တင်စက်လှေနှစ်စီးအနက် လေးလုံးထိုးအင်ဂျင်တပ် စက်လှေ အား ၁၈-၅-၂၀၁၉ ရက်နေ့တွင် ဆပ်သွားချောင်းတံတားအောက်ဘက်သို့ မောင်းနှင်ပြီး မြေပြင်ပေါ် တွင် သစ်များချ၍ တိုင်းတာစစ်ဆေးနိုင်ခဲ့သော်လည်း ခြောက်လုံထိုးအင်ဂျင်တပ်စက်လှေသည် စက် ချို့ယွင်းနေသဖြင်‌့ သစ်တောဝန်ထမ်းများမှ စောင့်ကြပ်ပြင်ဆင်ကာ ၂၀-၅-၂၀၁၉ ရက်နေ့တွင် ဆပ်သွားချောင်းတံတားအောက်ဘက် ကမ်းစပ်သို့မောင်းနှင်ပြီး သစ်များချ၍ တိုင်းတာစစ်ဆေးနိုင်ခဲ့ ပါကြောင်း၊ ၂၅-၅-၂၀၁၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်အချိန်တွင် ခြောက်လုံးထိုးအင်ဂျင်တပ် စက်လှေပေါ်ပါ တရားမဝင်တောင်သရက်ခွဲသား ၂၅၂ ချောင်း၊ ၄၂.၇၂၆ တန် ဖမ်းဆီးရမိမှုပေါ် တောအုပ်ကြီး ဦးခင်မောင်ဝင်းမှ တရားလိုပြုလုပ်တိုင်တမ်းသဖြင်‌့ ဂွမြို့နယ်၊ ကမ်းသာယာနယ်မြေ ရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ(က)၊ ပုဒ်မ ၄၇ ပုဒ်မခွဲ(ခ)ဖြင်‌့လည်းကောင်း၊ ယင်းနေ့ ၁၃း၂၀ အချိန်မှာ လေးလုံးထိုးအင်ဂျင်တပ်စက်လှေပေါ်ပါ တရားမဝင်တောင်သရက်ခွဲသား ၈၁ ချောင်း၊ ၁၀.၉ တန်ဖမ်းဆီးရမိမှုအပေါ် တောအုပ်ကြီး ဦးခင်မောင်ဝင်းမှ တရားလိုပြုလုပ်တိုင်တမ်း သဖြင်‌့ ဂွမြို့နယ်၊ ကမ်းသာယာနယ်မြေ ရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ(က)၊ ပုဒ်မ ၄၇ ပုဒ်မခွဲ(ခ)ဖြင်‌့လည်းကောင်း အသီးသီးအမှုဖွင်‌့၍ တရားခံများစုံစမ်းဖော်ထုတ်လျက်ရှိပါကြောင်း၊ 

အဆိုပါ သက်သေခံစက်လှေနှစ်စီးအား ဆပ်သွားရဲကင်းစခန်းမှူး ရဲအုပ်သိန်းနိုင်မှ အမှုဖြင်‌့ သိမ်းဆည်း၍ ဆပ်သွားချောင်းတံတားအနီးတွင် လက်ရှိအချိန်ထိ ထိန်းသိမ်းထားရှိပြီး တရားမဝင် သစ်များအား ဆပ်သွားတိုက်နယ်၊ သစ်တောဘိနယ် တာဝန်ခံရုံးဝင်းအတွင်းတွင် ထိန်းသိမ်းထားရှိ ပါကြောင်း၊ သို့ပါ၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားချောင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ မှုနှင်‌့ပတ်သက်၍ ကမ်းသာယာနယ်မြေရဲစခန်းတွင် ဥပဒေနှင်‌့အညီ အမှုဖွင်‌့အရေးယူထားရှိပြီး ဆပ်သွားရဲစခန်းမှူး ရဲအုပ်သိန်းနိုင်မှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းနှင်‌့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပေါင်းစပ်ဖြေကြားချက်အရ ဝန်ထမ်းများအပေါ် အရေးယူဆောင်ရွက်ရန်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်၊

ဦးမြင်‌့ဝေ(ဂွမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားချက်တွင် လှေနှစ်စီးစလုံးကိုဖမ်းမိခဲ့ကြောင်း၊ လှေနှစ်စီးပေါ်က သစ်တွေကို ချခဲ့ပြီး သစ်အချောင်းအရေအတွက်နှင့် သစ်တန်ပမာဏကို ဖြေကြားပေးခဲ့ပါကြောင်း၊ မြေပြင် အခြေအနေနှင့် ကွဲလွဲမှုများ ရှိနေပါကြောင်း၊ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက် သွားသော သစ်တင်လှေအကြီးနှင့် အစားထိုးထားသည့် လှေ၏ နောက်ပိုင်းမြင်ကွင်းများ ကို တင်ပြလိုပါကြောင်း၊  ဂွမြို့နယ်တွင် သစ်ဖမ်းဆီးတိုင်း အရပ်သားများက ရှေ့က အမြဲတမ်းပဲ ဦးဆောင်ပြီး ပါဝင်ခဲ့သကဲ့သို့ လက်ရှိဖြစ်တွင်လည်း အရပ်သားများက သစ်တင်လှေကြီးပေါ်ကို အရင်ရောက်ရှိခဲ့ပြီးကာမှ သစ်တော ဝန်ထမ်းတွေကို ခေါ်ယူခဲ့တာခြင်းဖြစ်ပါကြောင်းနှင့် သစ်တောဝန်ထမ်းငါးဦးနှင့် ရဲဝန်ထမ်းနှစ်ဦး လှေပေါ်ကို ရောက်ရှိခဲ့ပြီးမှ ဒေသခံများသည် စိတ်ချလက်ချအိမ်ကိုပြန်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သစ်တင်လှေအကြီး ထွက်ပြေးမလွတ်မြောက်ခင် ၂၀-၅-၂၀၁၉ နေ့ ညစောစောကအစားထိုးထား သည့် လှေသည် ဆပ်သွားချောင်း၏ အပြင်ဘက် ပင်လယ်ဘက်ကဝင်လာပြီးမှ ဆက်သွားချောင် တံတားအောက်နားတွင် ရှိနေခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဖြေကြားချက်တွင် လှေအငယ်အတွက်သာ မှန်ကန်ပြီး လှေအကြီးအတွက် မှန်ကန်ကြောင်းကို လက်ခံ၍ မရပါကြောင်း၊ ထို့ကြောင့် ယခုဖြေကြား ချက်နှင့် ပတ်သက်၍  မြေပြင်ကွင်းဆင်းစိစစ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မြေပြင်ကွင်းဆင်းစိစစ်မှုအရ လှေကြီးထွက်ပြေးလွတ်မြောက်သွားသည်မှာ ထင်ရှားခဲ့ပါက တာဝန်ရှိ ဝန်ထမ်းများကို မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မေးခွန်းများကို ဖြေကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ် စိစစ်ပြီးမှ ပြန်လည်ဖြေကြားခြင်းဖြစ်ပါကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်ကြီး ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်စိစစ်ပြီးချိန်တွင် မည်သို့ဆောင်ရွက်သွားမည်ကို ပြန်လည်ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။