Skip to main content

(စ)-Online မှတစ်ဆင့် အထူးကု ဆရာဝန်ကြီးများ၊ Radiologist များနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်း ကုသခြင်း၊ ပေးပို့ အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online ဖြင့် ပြန်ပို့ခြင်း စသည့် Telemedicine နှင့် Teleradiology ကို ကျန်းမာရေး ဝန်ကြီးဌာန၊ ပြင်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံတွင် Telemedicine နှင့် Teleradiology ဟု ခေါ်သည့် Online မှတစ်ဆင့် အထူးကု ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းကုသခြင်း ECGX-RayUltrasound ရိုက်ပြီး ပုံရိပ်များကို အထူးကု ဆရာဝန်ကြီးများ Radiologist များထံ ပေးပို့ပြီး အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online က ပြန်ပို့ခြင်းများကို ကျန်းမာရေး ဝန်ကြီးဌာနမှ လည်းကောင်း၊ ပြင်ပအဖွဲ့အစည်း ပုဂ္ဂလိကများမှ လည်းကောင်း ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းထားခြင်း ဖြစ်ကြောင်း၊

လူနာကို ရောဂါပျောက်ကင်းစေရန် ကုသသည့် နေရာတွင် မည်သည့် ရောဂါဖြစ်သည်ကို  သိရန် အလွန် အရေးကြီးကြောင်း၊  ထို့ကြောင့် ရောဂါရှာဖွေသည့် နေရာတွင် sign and Symptoms ဟု ခေါ်သည့် ရောဂါ၏ လက္ခဏာတွေကို ကြည့်ရုံသာမက တိုးတက်လာသည့် နည်းပညာများဖြစ်သည့် ECGX-RayUltrasoundCT scanMRI စသည့်ဖြင့် လျှပ်စစ်လှိုင်း၊ သံလိုက်လှိုင်းများဖြင့် ပုံရိပ်ဖော်ခြင်းများ ဆက်စပ်ပါဝင်လာခြင်းဖြစ်ကြောင်း၊ သို့သော် ဓာတ်မှန်ပုံရိပ်များအဖြစ် ထုတ်ပြီးသည့်အချိန်တွင် အဖြေထုတ်ရန်အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးများသည် လုံလုံလောက်လောက် မရှိကြောင်း၊ Radiologist များသည်လည်း အကန့်အသတ်ဖြင့် ရှိနေကြောင်း၊ အထူးသဖြင့် မြို့အငယ်လေးများနှင့် ကျေးလက်တွင်နေသည့် သူများအတွက် ပိုပြီး အလှမ်းဝေးကြောင်း၊ ထို့ကြောင့် ခေတ်မီဆက်သွယ်ရေး ကိရိယာများကို အသုံးပြုပြီး Online ကို အသုံးချပြီး Teleradiology ဆိုသည့် ပုံရိပ်ဖတ် အဖြေထုတ် ပေးမည်ဆိုပါက အချိန်ကုန် သက်သာမည်၊ ငွေကုန်လည်း သက်သာမည်၊ လူနာကို မြန်မြန်ကုသနိုင်သည့်အတွက် အသက်ရှင်မှု အခွင့်အလမ်း ပိုပြီး များပြားလာမည်။ ထို့ပြင် သက်ဆိုင်ရာ ဆရာဝန်များမှတစ်ဆင့် အထူးကု ဆရာဝန်ကြီးများနှင့် Telemedicine ဟု ခေါ်သည့် Online မှ တိုက်ရိုက် ကုသပေးခြင်း ပြုလုပ်ပေးနိုင်မည်ဆိုပါက မြို့ပြနှင့် ကျေးလက်ကျန်းမာရေး အဆင့်အတန်း ကွာခြားမှုများ ကျဉ်းမြောင်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ပေးနိုင်မည်ဆိုပါက အထူးကု ဆရာဝန်ကြီးများ ရှားပါးမှုဆိုသည့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်ကိုလည်း လျှော့ချပေး နိုင်မည်၊ ခရီး အကွာအဝေးအလိုက် အချိန်ကြန့်ကြာမှုများကို လျှော့ချနိုင်သည့်အတွက် အသက်ကယ်နိုင်ရန် အခွင့်အလမ်းများ ပိုများလာမည်၊ ထိုအပြင် ဓာတ်ခွဲအဖြေများကို Online မှ ပြန်ကြားပေးနိုင်မည်ဆိုပါက စောင့်ယူရသည့် အချိန်ကုန်၊ ငွေကုန် လူနာရှင်နှင့် စောင့်ဆိုင်းယူရသည့် လူများ၏ ကုန်ကျစရိတ်များလည်း သက်သာနိုင်မည် ဖြစ်သည့်အတွက် Online မှတစ်ဆင့် အထူးကု ဆရာဝန်ကြီးများ၊ Radiologist များနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်း ကုသခြင်း၊ ပေးပို့ အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online ဖြင့် ပြန်ပို့ခြင်း စသည့် Telemedicine နှင့် Teleradiology ကို ကျန်းမာရေး ဝန်ကြီးဌာန၊ ပြင်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်

မြန်မာနိုင်ငံတွင် Telemedicine နှင့် Teleradiology ဟုခေါ်သည့် Online မှတစ်ဆင့် အထူးကု ဆရာဝန်များနှင့် ချိတ်ဆက် မေးမြန်းကုသခြင်း၊ ECGX-RayUltrasound ပုံရိပ်များကို အထူးကုဆရာဝန်ကြီးများ (Radiologist) များထံ ပေးပို့ပြီး အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများ၊ Online အဖြေများ ပြန်ပို့ခြင်းများကို ဖြေဆိုရန်အတွက် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊

ပထမဦးဆုံး What is Telemedicine ဆိုသည့် အဖြေကို သိရှိရန်လိုကြောင်း၊ ၁၉၇၀ ခုနှစ်တွင် Hilly and Distance ဆိုပြီး Model of information and Communication Technology များ အသုံးပြုပြီး Computer Internet Cell Phone မှတစ်ဆင့် အဖြေကို ပေးသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထိုကဲ့သို့ပေးသည့်အချိန်တွင် Telemedicine တစ်ခုတည်း မဟုတ်ဘဲ Teleradiology Telepath logy Teletamediology Telecycle trade ဟု ရှိကြောင်း၊ Tele individual communicate with each other group and exchange information and enhance  their life ဆိုသည့် Individual တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်မရော မြို့နယ်နှင့် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံများတွင် ရှေ့ပြေးစ မ်းသပ်ကာလအဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ရှေ့ပြေး စမ်းသပ်ကာလကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ဆောင်မှု ပေးခြင်း၊ စစ်တမ်း ကောက်ယူခြင်း စသည့် ကိစ္စရပ်များကို ရွှေဇနက အများသက်ဆိုင်သော ကုမ္ပဏီမှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တမ်း ကောက်ယူခဲ့ကြောင်း။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ Infrastructure များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန် ဆရာဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်းအပြင် ဆေးရုံအသီးသီးရှိ အထောက်အကူပြု ကော်မတီများက Teleradiology လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊

Teleradiology လုပ်ငန်းများအပြင် ECG Ultrasonography Tele consultation စသည့် ဝန်ဆောင်မှုများကိုပါ တစ်စတစ်စ တိုးမြှင့်လုပ်ဆောင်နိုင်ပါက ကျေးလက်/မြို့ပြ ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက် ကျဉ်းမြောင်းစေမည်ဆိုသည့် လွှတ်တော် ကိုယ်စားလှယ်ကြီး၏ တင်ပြချက်က မှန်ကန်ကြောင်း၊ စစ်တမ်းကောက်ယူရေးအဖွဲ့၏ တွေ့ရှိချက်များကို တင်ပြလိုကြောင်း၊ Tele ဓာတ်မှန် ဝန်ဆောင်မှု လုပ်ငန်းအား လူနာများနှင့် လူနာစောင့်များ ကုသစောင့်ရှောက်မှု ပေးသူ အများစုများက လက်ခံသည်ကို တွေ့ရှိရကြောင်း၊ Tele ဓာတ်မှန်နှင့်ပတ်သက်၍ အသိပညာ တိုးပွားရေးအတွက် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်လျက် ရှိနေကြောင်း၊ စနစ်တစ်ခု ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ICT Tools ရွေးချယ်ခြင်း၊ Procurement စနစ်တကျ ဆောင်ရွက်ခြင်းများအပြင် အရေးကြီးဆုံး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများ ချမှတ်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ Telemedicine နှင့် Teleradiology နှင့်ပတ်သက်ပြီး Research Paper များအရ အရေးကြီးသည့် အချက် ၁၀ ချက်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ Regulation Policy , Standard Project , Acceptability of Public, Political Support, Available of Technology infrastructure including Hardware/Software, Adequate Vans Wide ဟု ဆိုသည့် အချက်များ လိုသွားမည် ဖြစ်ကြောင်း၊

ထို့အပြင် ၎င်းလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်တွင် Sustainable Fund ရရှိရန် လိုမည် ဖြစ်ကြောင်း၊ Clearly Define Legislation များ လိုအပ်မည် ဖြစ်ကြောင်း၊ Clearly Telemedicine , Referral mechanisms နဲ့ Protocol များ လိုအပ်မည် ဖြစ်ကြောင်း၊ Adequate Train Human Resources and communication linkage between stakeholder များ လိုအပ်မည် ဖြစ်ကြောင်း၊ စမ်းသပ်ဆဲကာလတွင် မွန်ပြည်နယ်အစိုးရ၏ အစီအစဉ် ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ဆေးရုံအထောက်အကူပြု ကော်မတီမှ ဝန်ဆောင်ခ ၆၀၀၀ ကျပ် ကောက်ခံ၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်ရန်အတွက် အကြိမ်ကြိမ်ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

Laboratory နှင့်ပတ်သက်ပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာနသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရည်ညွှန်းပြု ဓာတ်ခွဲဌာနဖြစ်ပြီး စစ်ဆေးချက်မှ တစ်ဆင့် အမျိုးသား ဓာတ်ခွဲရေးဆိုင်ရာ အဖြေလက်ခံရာဌာနကို Online  ဖြင့်ပေးပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း။ Online မှတစ်ဆင့် သက်ဆိုင်ရာ ဆေးရုံများသို့ အဖြေသိသိချင်း ပြန်ပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသည် ၃-၆-၂၀၁၉ ရက်နေ့မှစပြီး ရန်ကုန် အနောက်ပိုင်း ဆေးရုံ၊ ရန်ကုန် အရှေ့ပိုင်း ဆေးရုံးကြီးမှ ပို့လာသည့် လုပ်ငန်းများ Pathology များ ဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ပြီးOnline ဖြင့် ပေးပို့လျက် ရှိနေသည်ကို တွေ့ရကြောင်း၊ အဆင့်မြှင့် ဓာတ်ခွဲစစ်ဆေးခြင်း စုစုပေါင်း ၃၇၀၀ ကျော်ရှိပြီး ဓာတ်ခွဲအဖြေများကို နေ့ချင်းပြီး ထုတ်ပေးခြင်း အစမ်းသပ်ကာလ ကြာမြင့်မှုအပေါ် မူတည်၍ ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ဆေးရုံများမှ ဓာတ်ခွဲစမ်းသပ် အဖြေများကို Online ဖြင့် ပြန်ပို့ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၆-၆-၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာ ဘက်စုံတိုးတက်ဖွံ့ဖြိုးရေးမှ ဆောင်ရွက်နိုင်ရန် အတွက် လမ်းညွှန်ခဲ့ခြင်း ဖြစ်ကြောင်း၊ Laboratory Information Management System ကို စတင် အသုံးပြုလျက် ရှိကြောင်း၊

ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ပြီးInfrastructure များ၊ Software များနှင့် ဆက်လက်ပြီး ကောင်းမွန်စွာ သုံးနိုင်ရန်အတွက် Training များ လိုအပ်ပြီး ထို့အချက်များ အားလုံးကို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။