Skip to main content

 

တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင်‌့ရှောက်ရေးဥပဒေသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ပြီးနောက်ပိုင်းတွင် နည်းဥပဒေကို အကြိမ်ကြိမ်ရေးဆွဲ သည့်အခါ တတိယအကြိမ်မြောက်နည်းဥပဒေရေးဆွဲမှုကို မင်္ဂလာသီရိဟိုတယ်တွင် တိုင်းရင်းသား လူမျိုးများဝန်ကြီးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်မှ တိုင်းရင်းသားရေးရာနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ အဖွဲ့ဝင်များအပြင်ကို သက်ဆိုင်ရာပြည်နယ်နှင်‌့တိုင်းဒေသကြီးက သက်ဆိုင်ရာတိုင်းရင်းသားဝန်ကြီးများအပါအဝင် တတိယအကြိမ်တွင် နည်းဥပဒေပေါ်ပေါက် လာရန်အတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့နှင်‌့ ၂၁ ရက်နေ့ နှစ်ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊ တစ်နှစ်နီးပါ‌းကြာမြင့်လာပြီဆိုသော်လည်း နည်းဥပဒေက ပေါ် ထွက်လာခြင်းမရှိသေးပါကြောင်း၊ တိုင်းရင်းသားဒေသများသည် ဝေးလံခေါင်ဖျားသော အရပ်ဒေသ တွင်ရှိသကဲ့သို့ သွားရေးလာရေးခက်ခဲသောအရပ်ဒေသ၊ ဖွံ့ဖြိုးမှုနည်းပါးသောအရပ်ဒေသများတွင် အငြင်းပွားဖွယ်ရာပြဿနာများပေါ်ပေါက်လာသည့်အခါ သက်ဆိုင်ရာဒေသ၏ ရိုသေလေးစားရ သော ပုဂ္ဂိုလ်များ၊ သို့မဟုတ် ဘာသာရေးဆိုင်ရာအကြီးအကဲများ၏ အဆုံးအဖြတ်နှင့် ညှိနှိုင်း ဖြေရှင်းခဲ့ရခြင်းများရှိသော်လည်း ဘာသာ၊ လူမျိုးမတူသော တိုင်းရင်းသားအချင်းချင်းဖြစ်သော အငြင်းပွားဖွယ်ရာများကြားပါက ဓလေ့ထုံးတမ်းများက တူညီမှုမရှိသည့်အတွက်ကြောင့် ဖြေရှင်း ရသည်မှာ အနည်းငယ်အခက်အခဲများဖြစ်နိုင်သည့်အတွက် တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင်‌့ရှောက်ရေးအနေဖြင့် ဥပဒေနှင်‌့နည်းဥပဒေ ပေါ်ပေါက်ရန်လိုအပ်သည်ကို မျှော်လင့် ယူဆထားပါကြောင်း၊ တိုင်းရင်းသားဒေသတွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ၊ ဓလေ့တုံးတမ်းများကို မြှင်‌့တင်ထိန်းသိမ်းရန်လိုအပ်သလို ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းရင်းသားဒေသများတွင်လည်း လူမှုအကျိုးစီးပွားများဖွံ့ဖြိုးတိုးတက်လာရန်အတွက်သော် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာမှု၊ ဆုံးရှုံးမှုရှိပါက ကာကွယ် စောင့်ရှောက်ပေးခြင်းနှင်‌့ အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းများကို ပြုလုပ်ရန် အတွက်လည်း လိုအပ်သည့်အပြင် သက်ဆိုင်ရာတိုင်းရင်းသားဒေသတွင် စီမံကိန်းများအကောင် အထည်ဖော်ခဲ့မည်ဆိုပါက အကောင်အထည်ဖော်မည့်ဒေသတိုင်းရင်းသားများ၏ သဘောပေါက် နားလည်မည့် ဘာသာစကားနှင်‌့ နည်းလမ်းများကိုလည်း အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင်‌့ တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် နည်း ဥပဒေများကို မြန်မြန်ပေါ်ပေါက်ရန်လိုအပ်သည့်အတွက်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ထွက်ရှိရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်‌စောင်‌့ရှောက်သည့်ဥပဒေကို ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈ ဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုပြီးပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးစောင့် ရှောက်သည့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စတင်ပြီးဖွဲ့စည်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ ၏အခွင်‌့အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၃၄ ပုဒ်မခွဲ(က)အရ နည်းဥပဒေများ ထုတ်ပြန်နိုင်ရန်အတွက် ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ၃၁-၁-၂၀၁၇ ရက်နေ့မှ ၁-၂-၂၀၁၇ ရက်နေ့အထိ တစ်ကြိမ်၊ ဒုတိယအကြိမ် အလုပ်ရုံဆွေ‌းနွေးပွဲကို ၂၂-၆-၂၀၁၇ ရက်‌နေ့မှ ၂၃-၆-၂၀၁၇ ရက်နေ့အထိတစ်ကြိမ်၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ကော်မတီဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရ တိုင်းဒေသကြီး၊ တိုင်းဒေသဦးစီးအဖွဲ့က ကိုယ်စားလှယ်များ၊  ဆက်စပ် ဝန်ကြီးဌာနကကိုယ်စားလှယ်များ၊ တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် များဖြင့် ဆွေးနွေးရေးဆွဲထားသော တိုင်းရင်းသားလူမျိုးများ၏အခွင်‌့အရေးကာကွယ်စောင့်ရှောက် သည့် နည်းဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ပြန်လည်ပေးပို့လာသည့် သဘောထားမှတ်ချက်များအတိုင်း ပြင်ဆင်ရေးဆွဲနိုင်ရန် အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေဆိုင်ရာ သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀-၉-၂၀၁၈ ရက်နေ့မှ ၂၁-၉-၂၀၁၈ ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဥပဒေအကြံပေး အဖွဲ့နှင့် ဝန်ထမ်းများအဖြစ် ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ထပ်မံပေးပို့ ခဲ့ပါကြောင်း၊

ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေကြောင်းအရ သဘောထားမှတ်ချက်ပြုရန် မရှိပါ ကြောင်းကိုလည်း ပြန်ကြားလာခဲ့ပြီးဖြစ်ပါကြောင်း၊ ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင်‌့အရေးကာကွယ်စောင့်ရှောက်သော နည်း ဥပဒေများမူကြမ်းတွင် အောက်ပါအတိုင်း အခန်း ၇ ခန်းနှင်‌့နည်းဥပဒေ ၃၀ ပါရှိကြောင်း၊ အခန်း (၁) တွင်  အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂)  ကော်မတီနှင်‌့လုပ်ငန်းအဖွဲ့များဖွဲ့စည်း ခြင်း၊ အခန်း (၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း (၄) တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်ခြင်း၊ အခန်း (၅) အငြင်းပွားမှုများဖြေရှင်းခြင်း၊ အခန်း (၆) စီမံကိန်း များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင်‌့ အခန်း (၇) အထွေထွေတို့ပါဝင်ကြောင်း၊

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သော နည်းဥပဒေမူကြမ်းကို လုပ် ထုံးလုပ်နည်းနှင်‌့အညီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို တင်ပြခဲ့သည့်အခါ သဘော တူခွင့်ပြုပြီးဖြစ်သည့်အတွက်ကြောင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၃-၈-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉) ဖြင်‌့ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၃၇ ပုဒ်မခွဲ (က) နှင်‌့ ပုဒ်မ ၁၅၇ ပုဒ်မခွဲ (က) တို့အရ လွှတ်တော်ကိုယ်စားလှယ် များထံကို ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။