Skip to main content

 

ကျောင်းနေအရွယ် ကလေးများ ကျောင်းထွက်နှုန်း လျှော့ချရန်နှင့် ကလေးတိုင်း မိမိနှင့် အနီးစပ်ဆုံးဒေသများတွင် အဆင်ပြေစွာ ပညာသင်ယူခွင့်ရနိုင်ရန်အတွက် အခြေခံပညာ ကျောင်းများကို မူဝါဒနှင့်ညှိပြီး နှစ်စဉ်အဆင့် တိုးမြှင့်ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် မူနှင့်ကိုက်ညီသည့် ကျောင်းများအပြင် အမှန်တကယ် တိုးသင့်သည့် ကျောင်းများကို ဖြေလျှော့သင့်သည်များ ဖြေလျှော့ပြီး အ..က မှ မူလွန်၊ မူလွန်မှ ..က(ခွဲ) ..က(ခွဲ)မှ ..က၊ ..ကမှ အထက်တန်း ကျောင်း(ခွဲ) အထက်တန်း ကျောင်း(ခွဲ)မှ ..က စသဖြင့် အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သော် အဆင့်တိုးသည့် ကျောင်းများတွင် လုံလောက်သည့် ဆရာအင်အားကို တစ်ပါတည်း ချထားပေးနိုင်ခြင်း မရှိသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲတွင် သိရှိခဲ့ရကြောင်း၊ လက်ရှိအခက်အခဲများ ပြေလျော့စေရန်အတွက် ကျောင်းအုပ်နှင့် ရပ်ရွာနှင့် ကျောင်းသားမိဘများ ပေါင်းစပ်ညှိနှိုင်းပြီး  ရိုးရိုးဘွဲ့ရများကို အခကြေးငွေဖြင့် ငှားရမ်းဖြေရှင်း နေကြရသည်ကိုလည်း သိရှိရကြောင်း၊ ၎င်းနည်းဖြင့် ဖြေရှင်းခြင်းသည် ရပ်ရွာပြည်သူလူထုများ၊ ကျောင်းသားမိဘများအတွက် ဆရာငှားရမ်းခကုန်ကျသလို ဆရာအတတ်ပညာကို သင်မထား သည့် ရိုးရိုးဘွဲ့ရများကို ငှားရမ်းသင်ကြားရခြင်းသည် ဆရာအတတ်ပညာကို သင်ကြားထားသည့် ဆရာအစစ်များဖြင့် သင်ကြားခြင်းမျိုးကဲ့သို့ ထိရောက်မှုမရှိနိုင်ကြောင်းသည်ကို သိရှိရကြောင်း၊ ထို့ပြင် KG+12 ပညာရေးစနစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည့်အတွက် သင်ရိုးသစ်တွင် ဆရာအတတ်ပညာသင်နေရသည့် ရိုးရိုးဘွဲ့ရများကို ငှားရမ်း သင်ခြင်းသည် စနစ်သစ်ပညာရေး၏ ထိရောက်မှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊

ကျောင်းများ အဆင့်တိုးသလို KG+12 ပညာသင်စနစ်အရ ဆရာဆရာမများသည် များစွာ လိုအပ်မည် ဖြစ်ကြောင်း၊ ဆရာမွေးထုတ်ပေးမည့် ကျောင်းများတွင် ပညာရှင်များကို လုံလောက်စွာ ခန့်ထားပေးပြီး အဆင့်တိုးသည့် ကျောင်းများတွင် အနည်းဆုံး ဆရာဆရာမ သုံးဦးစီခန့် ခန့်ထားပေးနိုင်လောက်သည့်အထိ မွေးထုတ်ပေးမည်ဆိုပါက လက်ရှိ အကောင်အထည် ဖော်နေသည့် KG+12 ပညာရေးစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည် မျှော်လင့်မိကြောင်း၊ သို့ဖြစ်ပါ၍ အဆင့်တိုးသည့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ဆရာဆရာမများအား တစ်ပါတည်းခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဒေသခံ ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူခွင့်အခွင့်အလမ်းရရှိရန်အတွက် နှစ်စဉ်ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအဆင့်တိုးမြှင့်ပေးလျက် ရှိကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ပေးသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ လိုအပ်ချက်များကို ဦးစား ပေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူး တင်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း ၅၆၅၁ ကျောင်းကို ကျောင်းအဆင့် အသီးသီးတိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မင်းဘူးမြို့နယ်အတွင်း အဆင့်တိုးမြှင့်ပေးခဲ့သည့် ကျောင်းများတွင် အထက်တန်းကျောင်းခွဲ ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ သုံးကျောင်း၊ မူလတန်း လွန်ကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်းခွဲ တစ်ကျောင်း စုစုပေါင်း ၂၉ ကျောင်းကို ကျောင်းအဆင့်တိုးပေးခဲ့ကြောင်း၊

မင်းဘူးမြို့နယ်အတွင်း ကျောင်းများတွင် အထက်တန်းကျောင်း ကိုးကျောင်း၊ အထက်တန်း ကျောင်းခွဲ ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ရှစ်ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၉ ကျောင်း၊ မူလတန်းကျောင်း ၆၀ ကျောင်း၊ မူလတန်းကျောင်းခွဲ သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၄၉ ကျောင်း ရှိကြောင်း၊ ကျောင်းများကို အဆင့်တိုးခွင့်ပေးလိုက်သည့်အတွက် ၂၀၁၆ ခုနှစ် ဧပြီလကစပြီး မူလတန်းကျောင်း ထွက်နှုန်း လုံးဝမရှိသလောက် လျော့နည်းသွားပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ဦရေ ယခုပညာသင်နှစ်တွင် . သန်းအထိ တိုးတက်များပြားလာတာကို တွေ့ရမည် ဖြစ်ကြောင်း၊ သို့သော် ဆရာ ဆရာမ ဖြည့်ဆည်းခန့်ထားရန်အတွက် အဆိုပြုဘဏ္ဍာရေး နှစ်ကာလတွင် ကျောင်းအဆင့်တိုးရရှိရေးအတွက် အချိန်ကာလ ဖြစ်သည့်အတွက် ကျောင်း အဆင့်တိုးပြီး နောင်လာမည့် အနီးဆုံး ပညာသင်နှစ်ရောက်မှ ဆရာဆရာမ ခန့်ထားရန်အတွက် ဘတ်ဂျက်က အဆိုပြုနိုင်သည့် ဖြစ်ကြောင်း၊ ကျောင်းအဆင့်တိုးသည့်အချိန်သည် ဘတ်ဂျက် အဆိုပြုသည့်အချိန်တွင် ကျောင်းအဆင့်မတိုးသေးသည့်အတွက် ဆရာဆရာမအတွက် ဖြည့်ဆည်းခန့်ထားရန်အတွက်သည် မိမိတို့  အခက်အခဲဖြစ်ရသည်ကို မိမိအလေးအနက်ထားပြီး တင်ပြလိုကြောင်း၊ သို့သော် လိုအပ်နေသည့် ဆရာဆရာမများကို ရာထူးတိုး အပြောင်းအရွှေများ ဆောင်ရွက်သည့်အချိန်တွင် အဆိုပါမြို့နယ် အတွင်း မင်းဘူးမြို့နယ်သို့ အထက်တန်းပြ ၁၆ ဦး ပြောင်းလျှောက်သည့် အချိန်တွင် ၁၁ ဦး ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ အထက်တန်းပြ ရာထူးတိုး ကိုးဦး၊ အလယ်တန်းပြ ပြောင်းသူ ၇၆ ဦး၊ အလယ်တန်းပြရာထူးမှ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူး ရာထူးပြောင်း ခုနစ်ဦး၊ မူလတန်းပြမှ အလယ်တန်းပြ ရာထူးတိုး ၅၂ ဦး၊ မူလတန်းပြအပြောင်း ၃၈ ဦး၊ PPTT/DTED သင်တန်းဆင်း ၅၈ ဦး စုစုပေါင်း ဆရာဆရာမ ၂၅၁ ဦးအား ရာထူးတိုးပြောင်း ခန့်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊

ပညာရေးဝန်ကြီးဌာနသည် ဆယ်စု နှစ်ပေါင်းများစွာ ဆရာဆရာမလိုသည်ကို ဒေသခံ မိဘ အုပ်ထိန်းသူ၊ ပြည်သူများက ၎င်းတို့၏ မျှဝေကျခံမှုဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည့် အတွက် ၂၀၁၆  ခုနှစ် ဧပြီလကစပြီး မိမိတို့သည် လိုအပ်နေသည့် ဆရာဆရာမများကို ပိုမိုဖြည့်ဆည်း ခန့်ထားပေးလျက် ရှိကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနသည် ဖွဲ့စည်းပုံရာထူးခွဲဝေချက်ရရှိပါက အဆင့်တိုးသွားသည့် အခြေခံပညာကျောင်း များကို ရာထူးတိုးပြောင်း လျှောက်ထားသူများအနက် ဆန္ဒပြု ဒေသလစ်လပ်မှု၊ ဘာသာရပ် ကိုက်ညီမှု၊ လုပ်သက်ရမှတ် တန်းစီဇယားအရလည်းကောင်း၊ PPTT/DTED သင်တန်းဆင်းများ အသစ်ခန့်ထားဆောင်ရွက်ရာတွင်လည်းကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အနီးစပ်ဆုံး ပညာသင်နှစ်တွင် ဖြည့်ဆည်းခန့်ထားပေးရန်အတွက် စီစဉ်ဆောင်ရွက်ရကြောင်း၊ ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် အရည်အချင်းကောင်းမွန်သည့် သင်တန်းဆင်း ဆရာဆရာမများ ခန့်ထားရန်အတွက် လိုအပ်ချက်က အလွန်များကြောင်း၊ ဖြည့်ဆည်း ပေးနိုင်မှုသည် အကန့်အသတ်ရှိကြောင်း ဖြေကြားပါသည်၊၊

ဦးဝင်းဝင်း (မင်းဘူး မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ မဲဆန္ဒရှင်ပြည်သူများသည် ကျောင်းများအဆင့်တိုးပေးသည်ကို ဒေသခံပြည်သူများက ဝမ်းသာနေကြောင်း၊ သို့သော် ဝန်ကြီး ပြောသွားသည့်အတိုင်း ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းက လိုအပ်သည့် ဆရာဆရာမများကို ဒေသခံပြည်သူများ၏ စုပေါင်းပေါင်းစပ်မှုအားဖြင့် ဖြေရှင်း နိုင်ကြောင်း၊ သို့သော် ယခုစနစ်သစ်ပညာရေးအရ ကျောင်းသားဗဟိုပြုသည့်နည်းဖြင့် KG+12 ပညာရေးစနစ်တွင် အမှန်တကယ်သင်တန်းပို့ချထားသည့် ဆရာဆရာမများနှင့်မှ ဖြစ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးဦးမည် ဖြစ်ကြောင်း၊ မည်သည့်အတွက်ဆိုသော် ဝန်ကြီးပြောသွားသည့်အတိုင်း နှစ်စဉ် အဆင့်တိုးပေး လျက်ရှိကြောင်း၊ နှစ်စဉ်အဆင့်တိုးခဲ့သည် ဖြစ်ကြောင်း၊ တိုးပြီးသားကျောင်းများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နောင်နှစ်ဘဏ္ဍာရေးနှစ်တွင်ရမည်ဟု မိမိတို့ နားလည်ကြောင်း၊ သို့သော် မိမိဖြစ်စေချင်သည်က စနစ်သစ်ပညာရေးတွင် ဖြစ်သည့်အတွက် ရိုးရိုးဘွဲ့ရများကို ငှားသင်မည်ဆိုပါက  အဆင်မပြေနိုင်ကြောင်း၊  KG+12 ပညာရေးစနစ်ကို အဟန့်အတားဖြစ်မည် စိုးသည့်အတွက် ၂၀၂၀-၂၀၂၁ နောင်ပညာသင်နှစ်များတွင် အဆင့်တိုးမည်ဆိုပါက သက်ဆိုင်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ကြိုတင်ညှိနှိုင်းပြီး ယခုနှစ်တွင် မည်သည့်ကျောင်းများတိုးမည် ထို့ကြောင့် ဆရာများ မည်မျှခန့်မည်ဟူ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး တစ်ပါတည်းခန့်ထားနိုင်ရေး ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိကို မေးမြန်းပါသည်၊၊

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

မိမိ ပြန်လည်ရှင်းလင်းတင်ပြစဉ်က ပါပြီး ဖြစ်ကြောင်း၊ အဆိုပြု ဘဏ္ဍာရေးနှစ်ကာလတွင် ကျောင်းအဆင့် တိုးမရသေးသည့်အတွက် မည်သည့်နည်းနှင့်မျှ ၎င်းကိစ္စသည် နှစ်စဉ် ကြုံတွေ့ရမည့် ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည်  လိုအပ်ချက်က အလွန်များကြောင်း၊ ဖြည့်ဆည်းပေးနိုင်မှုသည် အကန့်အသတ် ရှိကြောင်း၊ ထိုအတိုင်း နှစ်စဉ်ဖြစ်နေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလောလောဆယ်တွင် ပညာရေးကောလိပ်များကို လေးနှစ်သင်ပညာရေး ဒီကရီကောလိပ်များ ဖြစ်စေရန်  အဆင့်မြင့်ရန်လိုသည့်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ ရေရှည်အနေဖြင့် မိမိတို့သည် ၎င်းစီမံကိန်းများကို မည်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပြီး စီစဉ်ဆောင်ရွက်မည်ဆိုသည်ကို ရေရှည်တွင် စီစဉ် ဆောင်ရွက်သွားရမည့် ရေရှည်လုပ်ငန်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊၊