Skip to main content

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်သည် သံတောင်မြို့ ရုံးအဟောင်းသည် ၁၉၆၁ ခုနှစ် တော်လှန်ရေးကောင်စီမတက်မီဆောက်လုပ်ခဲ့သည့် အဆောက် အအုံဖြစ်ပြီး အချိန်ကာလသည် တော်တော်လေးကြာဖြစ်ကြောင်း၊ ထိုအချိန်ကစပြီး စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူး၊ စာကြည့်ခန်းထိန်းနှင့် ညစောင့်ဟူ၍ ဝန်ထမ်း သုံးဦး ရှိကြောင်း၊ ၂၄-၁-၁၉၉၁ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ ၁-၁၀-၂၀၀၇ ရက်နေ့တွင် သံတောင်မြို့ကို မြို့နယ်ရုံးစိုက်ရာ ဖျက်သိမ်းပြီး သံတောင်ကြီးမြို့ကို မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ် တိုးမြှင့်ခဲ့ကြောင်း၊ ထို့ကြောင့်  ၂၀-၁၂-၂၀၀၇ ရက်နေ့တွင် သံတောင်မြို့၊ မြို့နယ်စာကြည့်တိုက် မြို့နယ်ခွဲရုံးကိုဖျက်သိမ်းပြီး သံတောင်မြို့ရှိစာကြည့်တိုက်မှ ပရိဘောဂများ၊ စာအုပ်စာစောင် များကို လိပ်သိုသို့ တစ်ဝက်၊ ဘောကလင်းမြို့သို့ တစ်ဝက်ခွဲဝေပေးခဲ့ကြောင်း၊ ၁-၉-၂၀၁၄ ရက်နေ့တွင် သံတောင်မြို့ကို မြို့အုပ်ချုပ်ရေးပြန်လည်ဖွင့်လှစ်ပြီး မြို့အဆင့်ဌာနဖြင့်သာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

မြို့အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်လေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ သံတောင်မြို့နယ် နယ်မြေရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်သူ့ဆေးရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အ.ထ.က (သံတောင်)၊ အ.မ.က(၅)ကျောင်း၊ စာတိုက်၊ ဆက်သွယ်ရေး၊ အိတ်ချိန်း၊ မီးသတ် ဦးစီးဌာန၊ တိုင်းရင်းဆေးခန်း စသည်တို့နှင့်ဆက်ဆံပြီး စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက် ခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်မှ ကရင်ပြည်နယ် လွှတ်တော်သို့ စာကြည့်တိုက်ပြန်လည်ဖွဲ့စည်းဖွင့်လှစ်နိုင်ရန်အတွက်တင်ပြခဲ့ရာ ရောင်းမကုန် မူလအဆောက်အအုံများ ပျက်စီးယိုယွင်းနေပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ်မှ ၁-၉-၂၀၁၈ ရက်နေ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၉၀၄၇၀၀၀ တိတိ ခွဲဝေချထားပေးပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ၃-၄-၂၀၁၉ ရက်နေ့တွင် မြို့ပြည်သူ့ စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

ဖွင့်လှစ်ပြီး စာကြည့်တိုက်ယာယီကော်မတီဖွဲ့ပြီး စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၏ ပံ့ပိုးမှုကြောင့် သော်လည်းကောင်း၊ ယာယီကော်မတီများ၏ ဝိုင်းဝန်းဆောင်ရွက်မှုဖြင့် မြို့စာကြည့်တိုက်ကို လည်ပတ်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ သံတောင်မြို့သည် သံတောင် ကြီး မြို့နယ်တစ်ခုလုံး၏ အချက်အချာအလယ်ဗဟိုကျသည့်နေရာဖြစ်သည်သာမက ယခင် မြို့နယ်ရုံးစိုက်သည့်နေရာဖြစ်သည့်အတွက် မြို့နယ်တစ်ခုလုံး၏ ပညာရေး၊ အားကစား၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ စုစည်းဆောင်ရွက်ရန် အသင့်တော်ဆုံးနေရာလည်း ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မြို့ရုံးစာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ဖွဲ့စည်းကြပ်မတ် ဆောင်ရွက် ပေးပါက မြို့နေပြည်သူများအတွက်သော်လည်းကောင်း၊ မြို့နယ်တစ်ခုလုံးအတွက်သော် လည်းကောင်း များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့စာကြည့်တိုက်ကို မြို့ရုံး အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း

သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်ကို မြို့ရုံးပြည်သူ့စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့၊ အမှတ်(၄) ရပ်ကွက်၊ မြေဧက ၀.၂၇၃ တွင်ရှိသည့် (၆၀ ပေx၂၀ ပေx၁၂ ပေ) သွပ်မိုး၊ ပျဉ်ကာ၊ သမံတလင်းခင်း တစ်ထပ်အဆောက်အအုံတွင် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် သံတောင်မြို့နယ်ရှိ သံတောင်ကြီးမြို့ကို မြို့နယ်ခွဲအဆင့်တိုးမြှင့်ခဲ့သည့်အတွက် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် သံတောင်မြို့နယ်ရုံး ဖွင့်လှစ်ထားခြင်းကို ဖျက်သိမ်းပြီး သံတောင်မြို့နယ်ခွဲရုံးအဖြစ်ထားရှိပြီး သံတောင်မြို့နယ်ခွဲကို သံတောင်ကြီးမြို့နယ်အဖြစ် တိုးမြှင့်ခဲ့ကြောင်း၊ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတောင်ကြီး မြို့နယ်နှင့် သံတောင်မြို့နယ်ဟူ၍ ရုံးနှစ်ရုံး ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂၀၀/၂၄-၆၅/ဦး ၁ ဖြင့် သံတောင်မြို့နယ်ခွဲကို မြို့နယ်ခွဲစာရင်းမှ ပယ်ဖျက်ပြီး သံတောင်ကြီး မြို့နယ်၏ လက်အောက်ခံမြို့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့နောက် သံတောင်မြို့နယ်ခွဲရုံးကို  ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အပြင် အသစ်ဖွင့်လှစ်သည့်  လိပ်သိုမြို့နယ်ခွဲနှင့် ဘောဂလိ မြို့နယ်ခွဲများအတွက် စာအုပ်စာစောင်များ၊ ရုံးသုံးပရိဘောဂများနှင့် စက်ပစ္စည်းများကို တစ်ဝက် စီခွဲဝေပြီး ရုံးများဖွင့်လှစ်ခဲ့ရကြောင်း၊

၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က သံတောင်မြို့စာကြည့်တိုက် ပြန်လည်ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ/မရှိ ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းလာခဲ့ကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် သံတောင်မြို့ရှိ ယခင်စာကြည့်တိုက် အဆောက်အအုံဟောင်းကို ဌာနခွင့်ပြု ရန်ပုံငွေကျပ် ၉၀၄၇၀၀၀ (ကျပ်သိန်း ကိုးဆယ်လေးသောင်း ခုနစ်ထောင်တိတိ) ဖြင့် ပြန်လည် ပြုပြင်ပြီး သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်များ၊ မြို့များအဆင့်သတ်မှတ်ချက် အမိန့်ကြော်ငြာစာ အပေါ်တွင်မူတည်ပြီး မြို့နယ်ရုံး၊ မြို့ရုံးများ ဖွင့်လှစ်ဆောင်ရွက်ရကြောင်း၊ သံတောင်မြို့တွင် မြို့ရုံးအဆင့် ဖွင့်လှစ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ထုတ်ပြန်ချက်ရရှိသည့်အချိန်တွင် ဖွင့်လှစ်နိုင်ရေးကို စီစဉ်ပေး နိုင်မည် ဖြစ်ကြောင်း၊

ယခုအခါ သံတောင်မြို့တွင် မြို့ရုံးအဆင့်ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း ဝန်ထမ်းနှစ်ဦးဖြင့် ပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်ပြီး သုတရသစာအုပ်ပေါင်း ၁၅၀၀ အုပ်၊ စာအုပ်ဗီရို သုံးလုံး၊ စာအုပ်စင် နှစ်စင်၊ ရုံးသုံးစားပွဲ (၆ပေx ၃ပေ)နှစ်လုံး၊ ပလတ်စတစ်ထိုင်ခုံ အလုံး ၃၀၊ ကလေး စာဖတ်ခန်းသုံး စားပွဲလေးလုံးတို့ဖြင့် ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။