Skip to main content

ရေခလုတ်-ဒေါင့်ကြီးလမ်းက ၁၀ မိုင် ၄ ဖာလုံရှိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများပေါင်းစပ်ပြီး China Spoke ၏ အကူအညီဖြင့် နိုင်ငံတကာအဖွဲ့အစည်းက ဆောင်ရွက်မည် တင်ထားသောလမ်းဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်က ၁၀ မိုင် ၄ ဖာလုံကို အမာခံကျောက်ခင်းလမ်းအဖြစ် ခင်းထားပြီးဖြစ်ပါကြောင်း၊ ယခုနှစ်ဘတ်ဂျက်အရ ကွန်ကရစ် လမ်း ၁ မိုင်နှင့် ကျေးလက်က ၅.၅ ဖာလုံဖြစ်သည့်အတွက် ၁ မိုင်နှင့် ၅.၅၅ ဖာလုံဖြစ်ပါကြောင်း၊

ရင်ဆိုင်-မရမ်းချောင်လမ်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂ မိုင်နှင့် ၁ ဖာလုံ ကျောက်ခင်းလမ်း ဖြစ်ပြီး ဇီးချောင်လမ်းက ၁ မိုင်နှင့် ၆ ဖာလုံ ကျောက်ခင်းလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းနှစ်လမ်း ဆက်မည်ဆိုပါက စုစုပေါင်း ၁၁ မိုင်နှင့် ၅ ဖာလုံ ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက World Bank အစီအစဉ်၊ နိုင်ငံတကာအစီအစဉ်ဖြင့် ဆောင်ရွက်မည့်လမ်းဆိုပြီး မိမိတို့တင်ထားခြင်းဖြစ်ပါကြောင်း၊ ရုံးတော-ပုဂံစု-ကျုံတာလမ်းက လည်း ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အမာခံကျောက်ခင်းလမ်းအဖြစ် ၃ မိုင်နှင့် ၂ ဖာလုံခင်းထားပြီး ဖြစ်ပါကြောင်း၊ ကျုံတာအထိ ၆ မိုင်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ပေါင်းစပ်ပြီး၊ အုပ်ချုပ်ရေးအဖွဲ့များပေါင်းစပ်ပြီး ဂျပန်အစိုးရ၏ထောက်ပံ့ငွေဖြင့် ခင်းမယ်ဆိုပြီး တင်ထားသောလမ်းတစ်လမ်း ဖြစ်ပါကြောင်း၊

ပိန်းဂရက်လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီးလမ်းသည် အရှည်အားဖြင့် ၃ မိုင်နှင့် ၅.၈၈ ဖာလုံဖြစ်ပါကြောင်း၊ (၁၃) ကြိမ်မြောက် ကြယ်ပွင့်ပြမေးခွန်းတွင်လည်းမေးခွန်းအရ ဝန်ကြီး ဖြေပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် အစီအစဉ်အရ ဆောင်ရွက်ပေးနိုင်မည့် လမ်းဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ မြေသားလမ်း ဖြစ်ပါကြောင်း၊ ဂျပန်အစိုးရချေး‌ငွေ ဖြင့်ဆောင်ရွက်ရန် တင်ထားသောလမ်းဖြစ်ပါကြောင်း၊ အမှတ်(၃)-ရွှေဘိုတန်း-ဇီးငူလမ်း ၇ မိုင်နှင့် ၃ ဖာလုံသည် (၁၂)ကြိမ်မြောက်တွင် မေးထားသော ကြယ်ပွင့်ပြမေးခွန်းအရ ဝန်ကြီးဌာန ကလည်းဖြေထားပြီး သတ်မှတ်ထားသည့်ဘဏ္ဍာရေးနှစ်တွင်တင်ပြပြီး ဆောင်ရွက်မည်ဆိုသော လမ်းဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဇီးငူလမ်းက ကျောက်ခင်းလမ်း ၁ မိုင်ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရွှေဘိုတန်းဘက်က ကျောက်ခင်းလမ်း ၁ မိုင်ရပါကြောင်း၊ ဟိုဘက်ဖျားတွင် ၁ မိုင်၊ ဒီဘက်ဖျားတွင် ၁ မိုင်ဖြစ်ပြီး ကြားထဲကမြေသားလမ်းက ၅ မိုင်နှင့် ၃ ဖာလုံကျန်ရှိသောလမ်းကိုလည်း ဌာနဆိုင်ရာများ၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်ပြီး ကိုရီးယားနိုင်ငံအကူအညီဖြင့်ဆောင်ရွက်မည့် နိုင်ငံတကာအကူအညီဖြင့်လမ်း ဖြစ်ပြီး  မိမိတို့တင်ပြထားခြင်းဖြစ်ပါကြောင်း၊

ချောင်းဝ-ဘုရားကြီးကုန်း-ဆင်ကူးလမ်းသည် ယခုနှစ်ဘတ်ဂျက်တွင် ကျောက်ခင်းလမ်းနှင့် ပတ်သက်ပြီး ၂ မိုင်နှင့် ၁.၂ ဖာလုံရသော လမ်းဖြစ်ပါကြောင်း၊ မိုင်အားဖြင့်  ၁၀ မိုင် နှင့် ၃ ဖာလုံ ရှိပါကြောင်း၊ ကိုရီးယားနိုင်ငံအကူအညီဖြင့် တင်ပြထားသောလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းကုန်းမြို့နယ်တွင် နိုင်ငံတကာအဖွဲ့အစည်းဖြင့်ဆောင်ရွက်မည့် ဖော်ပြပါကျေးလက် လမ်းခြောက်လမ်းအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း မေးမြန်း ပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

နိုင်ငံတကာအဖွဲ့အစည်းများဖြင့်ဆောင်ရွက်မည့် ကျေးလက်လမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏မူဝါဒနှင့်အညီ စီမံကိန်းဆိုင်ရာအချက်အလက်များအား သက်ဆိုင် ရာမြို့နယ်များအလိုက်ပြုစုရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များရယူပြီး စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းခြောက်လမ်းအား နိုင်ငံတကာအကူအညီ၊ အထောက်အပံ့ချေးငွေများဖြင့် လတ်တလောရရှိအောင် ဆောင်ရွက် နိုင်ခြင်းမရှိသေးသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေခလုတ်-ဒေါင့်ကြီးလမ်းအရှည် ၁၀ မိုင် ၄ ဖာလုံအနက် ၁ မိုင်အား ကွန်ကရစ်လမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

ရင်ဆိုင်-မရမ်းချောင်-ဇီးချောင်လမ်းအရှည် ၁၁ မိုင် ၅ ဖာလုံအနက် ၁ မိုင်ခန့်အား ကွန်ကရစ် လမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြထားပြီးဖြစ်ပါကြောင်း၊ ရုံးတော-ပုဂံစု-ကျုံတာလမ်းအရှည် ၁၁ မိုင် ၅ ဖာလုံ အနက် ၁ မိုင်ခန့်အား ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားတင်ပြပြီးဖြစ်ပါကြောင်း၊ ပိန်းဂရက် လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီးလမ်းအရှည် ၃ မိုင် ၄ ဖာလုံအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း၊ အမှတ်(၃) ရွှေဘိုတန်း-ဇီးငူလမ်းအရှည် ၇ မိုင် ၃ ဖာလုံ အနက် ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တို့မှာ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချောင်းဝ-ဘုရားကြီး-ဆင်ကူးလမ်းအရှည် ၁၀ မိုင် ၃ ဖာလုံအနက် ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများအား နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့ချေးငွေများရရှှိမှုပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာအကူအညီ၊ အထောက်အပံ့ချေးငွေများတွင် ပါဝင်ခြင်းမရှိခဲ့ပါကလည်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ရှည်စီမံကိန်းများတွင် ဆောင်ရွက်ရန် ထည့်သွင်းလျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၎င်းလမ်းများကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပေါင်းစပ်ပြီး နိုင်ငံတကာက ထောက်ပံ့မည့်လမ်းများလာကြောင်း၊ ကြိုတင်ပြုစုထားပါဆိုသည့်အတွက် ၂၀၁၆ နှစ်စပိုင်း ကတည်းက လျာထားထားသည့်အတွက် ဝန်ကြီးဌာနပြောပုံအရ ယခုအစိုးရသက်တမ်းတွင် ရနိုင်မည့်အလားအလာမရှိသည့်အတွက် ရနိုင်သည့်ကိစ္စများကလည်း ၂၀၂၀-၂၀၂၁ ခုနှစ်ဆိုသည့် အတွက် ဒုတိယအကြိမ်အစိုးရလည်းရှိတော့မည် မဟုတ်ပါကြောင်း၊ ဘဏ္ဍာငွေအရ တိုင်း ဒေသကြီးအစိုးရနှင့် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် နောက်သက်တမ်းတွင် ယခုကတိ ကဝတ်များက ဌာနဆိုင်ရာမှတ်တမ်းတွင် ရှိနိုင်/ မရှိနိုင် သိလိုပါကြောင်း၊

ဇီးငူလမ်းသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဟိုဘက် ၁ မိုင်ခင်းထားပါကြောင်း၊ ဒီဘက်တွင် နှစ်ဘက်ဖြစ်နေသည့်အတွက် ရွှေဘိုတန်းတွင် ၁ မိုင်ခင်းထားပါကြောင်း၊ ကြားထဲတွင် ၅ မိုင် ၃ ဖာလုံခန့်ကိုမခင်းသည့်အခါ ပထမခင်းထားသောလမ်းများကလည်း တော်တော်များများပျက်စီး ကုန်ပြီ ဖြစ်ပါကြောင်း၊ ကြားထဲတွင် မည်သို့မျှသွား၍မရတော့ပါကြောင်း၊ လမ်းများကလည်း ဆက်စပ်မှုမရှိသည့်အတွက် လမ်းတစ်လမ်းကို အပြီးသတ်စေလိုပါကြောင်း၊ ယခုနှစ်တွင်လည်း ၁၀ မိုင် ၃ ဖာလုံရှိသော ချောင်းဝ-ဘုရားကြီးကုန်းလမ်းသည် ၂ မိုင်နှင့် ၁.၂ ဖာလုံသာရပါ ကြောင်း၊ ၈ မိုင်ခန့်ကျန်နေသည့်အခါ ဘယ်တော့ရမှန်းမသိပါကြောင်း၊ နောက်ထပ်ရသည့် အခါတွင်လည်း ပထမခင်းထားသည့်လမ်းများကလည်း ပျက်သွားသည့်အတွက်ကြောင့် ယခု အစိုးရသက်တမ်းကာလတွင် နိုင်ငံတကာကလာရန်အလားအလာရှိသလား၊ မိမိတို့မြို့နယ်တွင် ပေးနိုင်ရန်အလားအလာရှိသလား၊ ၎င်းလမ်းများကို လမ်းတစ်ခုမပြတ်ဘဲ နောက်တစ်လမ်းကူး သွားသည့်အတွက် ယခုအစိုးရပိုင်းက၊ ဝန်ကြီးဌာနပိုင်းက မည်သို့လုပ်ပေးနိုင်မလဲ၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ယခုပေးထားသည့်ကတိများက မှတ်တမ်းထဲတွင် ပါသွားနိုင်မလား သိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မေးခွန်း(၁)ဖြစ်သော ယခုအစိုးရသက်တမ်းအတွင်းတွင် နိုင်ငံတကာအကူအညီများ ရနိုင်ပါဦး မလားဆိုသည့်မေးခွန်းက နိုင်ငံတကာချေးငွေများရရှိရန်အတွက် အချိန်လေးယူရပါကြောင်း၊ တချို့ လုပ်ငန်းများစတင်နိုင်ရန်အတွက် နှစ်နှစ်ခန့်အထိ Physibility Study၊ မြေပြင် ကွင်းဆင်းခြင်း၊ EIA၊ SIA စသည်ဖြင့် လုပ်ရသည့်အတွက် ယခုအစိုးရသက်တမ်းအတွင်းတွင် ရကောင်းရနိုင်ပါကြောင်း၊ အကယ်၍ ယခုအစိုးရသက်တမ်းအတွင်း မရသေးပါက ဆွေးနွေး ထားသော ဆွေးနွေးချက်များသည် ပျက်ပြယ်မသွားဘဲ ၂၀၂၁ ခုနှစ် နောက်ပိုင်းကို နိုင်ငံတကာ များနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

(၂)က လမ်းအပြတ်အပြတ်လေးများသည် ဥပမာ လမ်း ၁၀ လမ်းတွင် တစ်လမ်းထဲပြီးအောင် လုပ်လိုက်ပါလား၊ တစ်လမ်းအစအဆုံးပြီးအောင်လုပ်လိုက်ဆိုသည်မှာ ဒေသခံပြည်သူများပေါ် မူတည်ပါကြောင်း၊ ဒေသခံပြည်သူများက သူ့ရွာလည်းလုပ်ချင်၊ ငါ့ရွာလည်းလုပ်ချင် ဆိုသည့်အခါ တစ်လမ်းထဲကိုလုပ်လိုက်ပါက ကျန်သည့်ရွာများက အခက်အခဲအများကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ၂ မိုင် ၃ ဖာလုံလုပ်ပါကြောင်း၊ ကျန်သည့် ၈  မိုင်အပိုင်းကိုလည်း သွားလို့ လာလို့ရအောင် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လမ်း ၈ လမ်းရှိရပါက ၈ လမ်းစလုံးအပေါ်တွင် ရန်ပုံငွေထည့်ပြီး ဆောင်ရွက်သွားခြင်းအားဖြင့် ဒေသခံပြည်သူအားလုံး တစ်ပြေးညီကျေနပ်မှုရမည်ဖြစ်ကြောင်း၊ ယခုလွှတ်တော်တွင် ကတိ ကဝတ်ပေးထားခြင်းသည် ၂၀၂၀-၂၀၂၁ ခုနှစ်နောက်ပိုင်းကာလများတွင်လည်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကတိကဝတ်အဖြစ်မှတ်တမ်းထားပြီး အောင်မြင်အောင်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။