Skip to main content

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် ခါရိုင်းအုပ်စု၊ လုံအိမ်နူးအုပ်စုတို့ကို ချိတ်ဆက် ဆက်သွယ်မှု လမ်းအပိုင်းပေါ်ရှိ အောက်လယ်ကျေးရွာနှင့် တင်ပုံကျင်းကျေးရွာကြားတွင် မုန်းချောင်းသည် ယနေ့အထိ လူကူးတံတားငယ်တစ်စင်းသာရှိပြီး မိုးတွင်းကာလတွင် မည်သည့် ယာဉ်မျှမသွားလာနိုင်ပါကြောင်း၊ မုန်းချောင်းရေကြောင့် နွေပေါက်လောက်တွင်သာ မုန်းချောင်း ကိုဖြတ်ကူးပြီး ခါရိုင်းအထိ ကားသွားလာနိုင်ပါကြောင်း၊ ၎င်းလမ်းပိုင်းပေါ်တွင် တင်ပုံကျင်းရွာ၊ ခပ်ဒိုင်းရွာကြားတွင်လည်း မှေးချောင်းတံတားမရှိသည့်အတွက် ချိတ်ဆက်ဆက်သွယ်ရန်၊ ဒေသ ထွက်ကုန် သယ်ယူပို့ဆောင်ရန်အတွက် အခက်အခဲဖြစ်နေပါကြောင်း၊ အနီးစပ်ဆုံး တိုက်နယ် ဆေးရုံ တည်ရှိနေသော ကျင်ဒွေးမြို့နှင့် လုံအိမ်နူးအုပ်စု၊ ခါရိုင်းအုပ်စုများရှိ ဒေသခံပြည်သူ လူထုသည် တင်ပြချက်ပါချောင်းရေများကို ဖြတ်ကျော်ပြီး မိုးတွင်းကာလတွင် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခြေခံလိုအပ်ချက်များအတွက် အမှီပြုချိတ်ဆက်သွားလာနေကြရ ကြောင်း၊ ယခုတောင်းခံတင်ပြထားသော တံတားနှစ်စင်းကို နိုင်ငံတော်အစိုးရက ဒေသခံချင်း တိုင်းရင်းသားများ၏အခက်အခဲများကိုစာနာပြီး လူသားချင်းစာနာသောစိတ်ဖြင့် တိုင်းရင်းသား များ၏အခက်အခဲများကို ဖြေရှင်းပေးနိုင်ပါက ၎င်းဒေသတွင်မှီတင်းနေထိုင်ကြသော အဖက်ဖက် ကဆင်းရဲနိမ့်ကျနေသော ဒေသခံချင်းတိုင်းရင်းသားကျေးလက်နေပြည်သူများအတွက် ဒေသ ထွက်စိုက်ပျိုးထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့မည် ဖြစ်ပါကြောင်း၊ အဆိုပါဒေသတွင် မှီတင်းနေထိုင်ကြသောကျေးရွာ ၁၅ ရွာကိုလည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးဘဝများအတွက် များစွာအထောက်အကူပြုပေးနိုင်မည် ဖြစ်ပါကြောင်း၊

လက်ရှိ ပြည်သူ့အစိုးရသက်တမ်းအတွင်း ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးစားပေးအစီအစဉ်များအနေဖြင့် ပြည်ထောင်စုအစိုးရက အဖက်ဖက်ဘက် ပေါင်းစုံက အင်တိုက်အားတိုက်ဆောင်ရွက်ပေးနေသည်ကိုလည်း မိမိတို့ချင်းတိုင်းရင်းသား များအနေဖြင့် များစွာကျေးဇူးတင်ဝမ်းသာပီတိနှင့် အားလုံးကကျေးဇူးတင်နေကြပါကြောင်း၊ ထို့ကြောင့် အောက်လယ်ကျေးရွာနှင့် တင်ပုံကျင်းကျေးရွာကြား ပေ ၄၀၀ မုန်းချောင်းကူး တံတားတစ်စင်းနှင့် တင်ပုံကျင်းကြား၊ ခပ်ဒိုင်းကြား မှေးချောင်းကူးတံတား ပေ ၂၀၀ တစ်စင်း တံတားနှစ်စင်းကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ အောက်လယ်ကျေးရွာအုပ်စု၊ လုံအိမ်နူး ကျေးရွာအုပ်စု၊ ခါရိုင်းကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်တွင် တည်ရှိသော မုန်းချောင်းကူးတံတားနှင့် မှေးချောင်းကူးတံတားတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောတံတားများ ဖြစ်ပါကြောင်း၊ အဆိုပါတံတား နှစ်စင်း တည်ဆောက်ပြီးပါက ကျေးရွာခြောက်ရွာ၊ အိမ်ခြေပေါင်း ၄၀၀ ကျော်နှင့် လူဦးရေ ၂၄၀၀ ခန့်တို့ အလွယ်တကူဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ တင်ပုံကျင်းကျေးရွာနှင့် ခပ်ဒိုင်း ကျေးရွာကြားရှိ မှေးချောင်းကူးဘေလီတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)၊ ဦးစားပေးအဆင့် (၂) လမ်းစာရင်းတွင် ပါဝင်သော တံတားဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြသွားမည် ဖြစ်ပါကြောင်း၊

အောက်လယ်ကျေးရွာနှင့် တင်ပုံကျေးရွာကြားရှိ မုန်းချောင်းကူးကွန်ကရစ်တံတားတည်ဆောက် ရန်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားတင်ပြထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။