Skip to main content

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့စစ်များကို ပြည်သူ့ကောင်စီလက်ထက် ၁၉၇၆-၁၉၇၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ အချိန်တွင် ကျေးရွာ နယ်မြေများတွင် လုံခြုံရေးအတွက် ပြည်သူ့စစ်များဖွဲ့ကာ တာဝန်ယူထားရှိခဲ့ရပါကြောင်း၊ ယခင် လက်နက်ကိုင်ဆူပူချိန်ကာလတွင် မငြိမ်းချမ်းသည့် နယ်မြေများကို လုံခြုံရေးအတွက် ပြည်သူ့စစ်ကိုထားရှိခဲ့ရသည်ဟု သိရှိရပါကြောင်း၊ ပင်လယ်နှင့် ထိစပ်နေသည့် ဒေသ၊ နယ်နိမိတ်ထိစပ်နေသည့် ဒေသများအတွက် ထားရှိရပါကြောင်း၊

ယခုနောက်ပိုင်း ငြိမ်းချမ်းသည့်နယ်မြေများတွင်လည်း ပြည်သူ့စစ်များ ဆက်လက် ထားရှိနေသကဲ့သို့ ပြည်သူ့ရဲစခန်းရှိသည့် ကျေးရွာများတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့များ ပူးတွဲပြီး ထားရှိထားသည်ကို တွေ့ရှိရပါကြောင်း၊

တစ်နိုင်ငံလုံးအနေဖြင့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ရှိပြီးတစ်ဖွဲ့လျှင် အနည်းဆုံး ၂၀ ဦးမှ ၆၀ ဦးအထိ ဖွဲ့စည်းရန် ခွင့်ပြုထားပါကြောင်း၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ရှိသည့် ရွာပေါင်း   ၄၅ ရွာ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပေါင်း ၁၁၂၆ ဦးရှိပြီး လက်နက်ကိုင်ခွင့်ပြုထားသည့် ကျေးရွာ ၂၈ ရွာ၊ လက်နက်အရေအတွက် ၂၄၆ လက်နှင့် ကျည်ဆန် ၇၅၁၃ တောင့်ခွင့်ပြုထား သည်ပါကြောင်း၊ ပေါင်မြို့နယ်သည် အညိုရောင်နယ်မြေမဟုတ်ဘဲ မော်လမြိုင်နှင့် ဆက်စပ်နေသည့် မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊

ပြည်သူ့စစ်၏စည်းမျဉ်းစည်းကမ်းများတွင် ပြည်သူနှင့်အတူ ပြည်သူတို့၏ အသက်အိုးအိမ် များကို ကာကွယ်ရမည်ဟု တွေ့ရှိရသော်လည်း လက်ရှိကြားသိနေရသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်း၊ နယ်စပ်များတွင် သစ်မှောင်ခို ခိုးထုတ်ခြင်း၊ ပင်လယ်နှင့်ထိစပ်သည့် ကျေးရွာများတွင် သစ်တွေကို မှောင်ခိုခိုးထုတ်နေခြင်း များသည် ပြည်သူ့စစ်များသာ ဖြစ်ပါ‌ကြောင်း၊ ပြည်နယ်ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများ အားလုံး ပြည်သူ့စစ်အကြောင်းကို ကောင်းကောင်းသိပါကြောင်း၊

ပြည်သူများနှင့်အတူ အလွန်နီးကပ်စွာပူးတွဲနေထိုင်ရသည့် ပြည်သူ့စစ်အဖွဲ့ကို လက်နက်၊ အာဏာ၊ လုပ်ပိုင်ခွင့်များပေးထားခဲ့မည်ဆိုပါက အချိန်အခါမရွေး လူမှုရေးပဋိပက္ခများ၊ အာဏာအလွဲသုံးစားမှုများ  ပြုလုပ်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ သင်္ကြန်ကာလတွင် ပေါင်မြို့နယ်၊ ထန်းပင်‌ဂျောင်ကျေးရွာတွင် ပြည်သူ့စစ် ခေါင်းဆောင်၏သားပါဝင်သည့်အဖွဲ့နှင့်ကျေးရွာလူငယ်တစ်စုစတင်ဖြစ်ပွားခဲ့ရာမှာ ရပ်ကွက်/ ကျေးရွာပြည်သူများကို ကူးစက်ခဲ့ပြီး ကျေးရွာပြည်သူများ၏ အိမ်ပေါ်များထိ တက်ရောက် ဖျက်ဆီးပြီး‌ ထိန်းသိမ်း၍မရသည့်အခြေအနေဖြစ်ခဲ့ရပါကြောင်းနှင့် ပြည်သူ့စစ်ခေါင်းဆောင် ၏ ဇနီးပါထပ်မံပြီးရပ်ကွက်ပြည်သူများနှင့် ဆက်လက်ဖြစ်ပွားခဲ့ရပါကြောင်း၊ ပြည်သူ့စစ် ခေါင်းဆောင်၏ လူအုပ်စုခွဲရန်သေနတ်လေးချက် ပစ်ဖောက်ခဲ့ရပါကြောင်း၊ ၎င်းကျေးရွာတွင် ရဲစခန်းတစ်ခုလည်းရှိပြီး အခင်းဖြစ်စဉ်တွင် ပြည်သူ့ရဲတပ်ဖွဲ့လည်း ရှိနေပါကြောင်း၊  အမှန်မှာ ကျေးရွာ၏ လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို တာဝန်ယူထားရသည့် ပြည်သူ့ရဲ ၏ လုပ်ပိုင်ခွင့်သာ ဖြစ်သည်ဟု ထင်မြင်မိပါကြောင်း၊

ပြည်သူ့စစ်မှအာဏာကို ကိုယ့်၏သွေးသားအတွက် သုံးစွဲခဲ့ပြီး ရပ်ကွက်နေပြည်သူများကို ခြိမ်းခြောက်သည့် စကားများလည်း ပြောဆိုပါကြောင်း၊ ပြည်သူများမှ တိုင်ကြားပြီးအမှုဖွင့် ထားသော်လည်း တိုင်ကြားသူကိုသာ ခရိုင်အဆင့်ထိခေါ်ယူစစ်ဆေးနေသည်မှာ အကြိမ်ကြိမ် အခါခါဖြစ်ပါကြောင်းနှင့် ယနေ့တိုင် အရေးယူဆောင်ရွက်မှု အသံကြားသိရသေးခြင်း မရှိပါကြောင်း၊  ထို့ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်ထားရှိရသည့် ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် ပြည်သူ့စစ်အဖွဲ့ကို မည်သည့်ဌာန၊ အဖွဲ့အစည်းများက တာဝန်ယူ တာဝန်ခံမည်ကိုလည်းသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေး ကို မိမိတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည်ဟု ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်ပြီး  နိုးကြားတက်ကြွစွာ အသိနှင့်ယှဉ်၍ ပါဝင်ဆောင်ရွက်မှုပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုအတွင်း စည်းရုံးဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းသည့် အချိန်၌ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်ရေးအင်အား၊ လူမှုရေး အင်အားများဖြစ်ပြီး မြို့နယ်/ကျေးရွာများ၌ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် နေကြသူများ ဖြစ်ကြပါကြောင်း၊

ပြည်တွင်းပြည်ပစစ်မက်အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့်လက်တွဲ၍ စစ်ရေးအင်အားအဖြစ် ရပ်တည်သွားရမည့်တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားများလည်း ဖြစ်ကြပါကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းမှုသည် စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာမှသာ အရေးပေါ်ဖွဲ့စည်းရသည့်အဖွဲ့အစည်းမျိုးမဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးကို အစဉ်ထိန်းသိမ်းထားပြီး အချိန်မရွေးအသင့်ဖြစ်နေစေရန် ဖွဲ့စည်းလေ့ကျင့် ထားရမည့်အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ တပ်မတော်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ် ဌာနချုပ်နယ်မြေများတွင် ရပ်ကွက်/ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် စသည့်အချက် အချာကျသောနေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်ဌာနေအဖွဲ့များ ဖွဲ့စည်းထား ရှိပါကြောင်း၊ ၎င်းအဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ လုံခြုံရေး၊ အချက်အချာကျသောနေရာများ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် စက်ရုံ၊ အလုပ်ရုံ စသည့်လုပ်ငန်းခွင် သတ္တုတွင်းနယ်မြေ၊ သစ်တောကြိုးဝိုင်းနယ်မြေ စသည်များ၏လုံခြုံရေး  ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဘက်အုပ်ချုပ်ရေးမှူးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ပြည်သူ့စစ်ဌာနေအဖွဲ့များ ဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုအန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတို ရည်မှန်း ချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင်ပြည်သူတစ်ရပ်လုံးက မိမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ်မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့်ပြည်သူ့စစ်ဌာနေအဖွဲ့များအဖြစ် ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားရှိသောပြည်သူ့စစ်ဌာနေအဖွဲ့များအား တပ်မတော်ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေသတ်မှတ် ပေးရေးအပိုင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များက ၎င်းတို့နယ်မြေအလိုက် ဖွဲ့စည်းထားသောပြည်သူ့စစ်အဖွဲ့များအား ကြီးကြပ် ကွပ်ကဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ်နယ်ခြားတပ်များ ညွှန်ကြားရေး မှူးရုံးက ကြီးကြပ်ကွပ်ကဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်မိကွန်ချမ်း(ပေါင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခု ပြည်သူ့စစ်ကို မငြိမ်းချမ်းသည့် ဒေသများတွင် ပြည်တွင်း လက်နက်ကိုင် အန္တရာယ် ကာကွယ်ရန် ဖွဲ့ထားသည်ဟု ဆိုပါကြောင်း၊ သို့သော် ငြိမ်းချမ်းသည့် ဒေသများတွင် ပြည်သူ့စစ်များကို မည်သည့်အတွက် ဆက်လက်ထားရှိရန် လိုအပ်သည်ကို ရှင်းပြစေချင်ပါ ကြောင်း၊ ထို့နောက် ပြည်သူ့စစ်အဖွဲ့များတွင် ဥပဒေများ ရှိ/မရှိကိုလည်းကောင်း၊ ပြည်သူ့ စစ်၏ တရားဥပဒေမဲ့လုပ်ရပ်များကို မည်သို့ အရေးယူဆောင်ရွက်မှုများ ရှိနိုင်သည်ကို လည်း ကောင်း၊ တရားစီရင်ရေးအဖွဲ့တွင် မည်သည့်အဖွဲ့က အရေးယူဆောင်ရွက်မည်ဆိုသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

ပထမအချက်အနေဖြင့် ငြိမ်းချမ်းသည့် နယ်မြေများတွင် ဖွဲ့ရန် လိုအပ်ခြင်း ရှိ/မရှိနှင့် နိုင်ငံတော်၏ ကာကွယ်ရေးမူဝါဒဆိုသည်မှာ နိုင်ငံတိုင်းတွင် ရှိပါကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မည်သို့ ဖွဲ့စည်းထားမည်၊ ရေရှည်ရည်မှန်းချက်များအတွက် ပြည်သူ့ စစ်မဟာ ဗျူဟာအကောင်အထည်ဖော်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြဆိုထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒအရ ဆက်လက်ဖွဲ့စည်းထားရှိခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးမူဝါဒပြောင်းလဲမှုမရှိမခြင်းကိစ္စများကို မိမိတို့  ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

ပြည်သူ့စစ်များနှင့်ပတ်သက်ပြီး‌ မည်သို့အရေးယူသည်ကိုလည်းကောင်း၊ ဥပဒေ သီးသန့် ရှိ/မရှိ ဆိုသည်နှင့် ပတ်သက်၍ ပြည်သူ့စစ်များသည် တပ်မတော်သားအဖွဲ့အစည်းမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့် မည်သို့ဖွဲ့စည်းထားသည်ကိုလည်း ဖြေကြားပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးက ပြည်သူများမှ ရပ်ရွာတွင် ဖြစ်ပွားသည့် အမှုနှင့် ပြည်သူများကတိုင်ကြားနှင့် ပတ်သက်၍ ရဲဘက်ဆိုင်သည့် နယ်ဘက်အမှုသာ ဖြစ်ခြင်းကြောင့်  တိုက်ကြားသည့်နေရာ၊ မည်သည်မှ အရေးယူဆောင်ရွက်နေသည်ကို မေးခွန်းပါရှိမှသာ  အကျိုးအကြောင်း သိလိမ့်မည်ဟု ယူဆပါကြောင်း၊

ပြည်သူ့စစ်များနှင့် ပတ်သက်ပြီး တိုင်းစစ်ဌာနချုပ်တွင် ကြီးကြပ်ကွပ်ကဲခြင်း၊ ဖွဲ့စည်း ပေးခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် တာဝန်ခွဲဝေပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ အမှုအခင်း ဖြစ်လာချိန်တွင် မည်သို့အရေးယူသည်နှင့်ဖြေရှင်းပြီး ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါ ကြောင်း၊

ဥပမာ  ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဘင်ဂျီကျေးရွာအုပ်စုတွင် ၈-၁-၂၀၁၈ ရက်နေ့က သေနတ်ပစ်ခတ်မှုနှင့်လူသေမှုဖြစ်စဉ်ဖြစ်ခဲ့ရာ ပြည်သူ့စစ်တစ်ဦး စောလှကြည်က သေနတ် ပစ်ဖောက်သည့်အတွက် အမျိုးသားတစ်ဦး၏ လည်ခုတ်ထိမှန် သေဆုံးသွားခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြိုင်ကလေးရဲစခန်းက နယ်ဘက်တရားဥပဒေဖြင့် အရေးယူနိုင် ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဘားအံတရားရုံးက ပုဒ်မ ၃၀၄ လူသေမှုဖြင့် ၇-၂-၂၀၁၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊

ပြည်တွင်းစစ်များ၏ ဥပဒေပိုင်းဆိုင်ရာဖောက်ဖျက်ကျူးလွန်မှုတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်ပြီး ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအုပ်စုတွင် အမှုတစ်ခုဖြစ်ခဲ့ပါကြောင်း၊  ပြည်သူ့စစ်အဖွဲ့ဝင် စောဖိုးထူးထံကနေ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါကြောင်း၊ စောဖိုးထူးထံမှ စိတ်ကြွရူးသွပ်ဆေးပြားငါးပြားပါတစ်ထုပ်၊ အလေးချိန် ၀.၅ ဂရန်နှင့် နောက် B.A ၁၉၉၁ လက်ပစ်ဗုန်းလက်နက်၊ ခဲယမ်းများ တွေ့ရှိသည့်အတွက် ပြည်သူ့စစ်အဖွဲ့ဝင် စောဖိုးထူးကို အပြီးအပိုင်ထုတ်ခဲ့ပြီး  ဘားအံမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ် တွေ့ရှိမှုပုဒ်မ ၁၆(ဃ)အရ ၁၅-၁-၂၀၁၇ ရက်နေ့တွင် ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့ပါကြောင်း၊

မိုင်းရယ်မြို့နယ်တွင်  လူသတ်ရန်ကြံစည်အားထုတ်မှုဖြစ်ပွားခဲ့ပါကြောင်း၊ မိုင်းရယ်မြို့နယ် ရဲစခန်းတွင် မိုင်းရယ်ပြည်သူ့စစ်အဖွဲ့တစ်ဦးက လူတစ်ယောက်ကို သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့ပြီး  မစိုးရိမ်ရသည့်  ဒဏ်ရာရရှိခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူပြည်သူ့စစ်ကို အပြီးအပိုင်ထုတ်ပစ်ပြီး မိုင်းရယ်မြို့နယ် တရားရုံးက ပုဒ်မ ၃၀၇ လူသတ်ရန်ကြံစည်အားထုတ်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါကြောင်း၊

ပြည်သူ့စစ်နှင့် ပတ်သက်၍ ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့အစည်းနှင့် ဖြစ်ပေါ်လာသည့် ပြဿနာကအရပ်သားဖြစ်သည့်အတွက် အရပ်ဘက်၊ နယ်ဘက်ဥပဒေဥပဒေနှင့် ဖော်ပြပါ ပြစ်မှုများဖြင့် ထုတ်နုတ်တင်ပြထားသည့် ပြစ်မှုနှင့်အတူအရေးယူလျက်ရှိပါကြောင်း ဖြေကြားပါသည်။

 

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်