Skip to main content

 

ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အစောဆုံး မည်သည့်ဘဏ္ဍာနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။


                            

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ မြစ်သား-အိုးသကြီးကွေ့လမ်းနှင့် ဆက်သွယ်ထား သော ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်းလမ်းအရှည်ငါးမိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိ အခြေအနေမှာ ကျောက်ချောလမ်းတစ်မိုင်၊ ဂဝံလမ်းငါးဖာလုံနှင့် မြေသားလမ်းသုံးမိုင်သုံးဖာလုံဖြစ်ပြီး ကျေးရွာငါးရွာ အိမ်ခြေ ၆၄၉ အိမ် လူဦးရေ ၃၀၀၀ ခန့်တို့အား အကျိုးပြုသောလမ်းဖြစ်ပါသဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်းလမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class-A ဦးစားပေးအဆင့် () လမ်းစာရင်းတွင်ပါဝင်ပါသဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ၌ ထည့်သွင်းလျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။