Skip to main content

visitor

လွှတ်တော်သို့လာရောက်လေ့လာနိုင်မည့်အချိန်များ   လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

တနင်္လာနေ့မှ သောကြာနေ့ အထိ

နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၁၆ နာရီအထိ

လာရောက်လေ့လာနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း -

eMail – [email protected]

Online မှတဆင့်လျှောက်ထားမည်ဆိုပါက (၅)ရက် ကြိုတင် လျှောက်ထားနိုင်ပါသည်

myanmar

 

foreigner_only

 

 

 
  • လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရစစ်ဆေးခြင်းကိုကြည်ဖြူစွာခံယူရမည်။
  • လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှ လွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများယူဆောင် အသုံးပြုခြင်းမပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခွင့်မပြု။
  • အစည်းအဝေးခန်းမအတွင်းသို့ အစားအသောက်များယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေးစတင်ကျင်းပပြုလုပ်ရန် ဥက္ကဋ္ဌ ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံးထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်။
  • အဆိုပါ လွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်းကိုယ်စားလှယ်များလက်ခုပ်တီးသည့်အခါတွင် ဧည့်သည်များ ဖြစ်သည့်အတွက် လက်ခုပ်မတီးကြပါရန်နှင့် အစည်းအဝေးမရပ်နား၊ မပြီးဆုံးမီအပြင်သို့ထွက်ခွာခြင်းမပြုကြပါရန်။
  • လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်းမပြုလုပ်ရ။
  • မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသောဝတ်စားဆင်ယင်မှုပုံစံကိုရှောင်ကြဉ်ရမည်။ (ဥပမာ ၊ စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊ လက်ပြတ်အင်္ကျီစသည်တို့ မဝတ်ဆင်ရ။) တက္ကစီနှင့်ဆိုင်ကယ်များ ဝင်ခွင့်မပြု။
  • လွှတ်တော်သို့လာရောက်လေ့လာသည့်နေ့တွင်မှတ်ပုံတင်မူရင်း၊ထောက်ခံစာမူရင်းများယူဆောင်လာပါရန်။
  • လေ့လာသူများ၏အချက်အလက်များကိုဖြည့်စွက်ရာတွင်
    အမည်၊ မှတ်ပုံတင်အမှတ် (မှတ်ပုံတင်မရှိသူများ/ပျက်စီး/ပျောက်ဆုံးသူများအတွက် သက်ဆိုင်ရာ ရပ်ကွက်၏ နေထိုင်ကြောင်း ထောက်ခံချက်၊ကျောင်းသားဖြစ်ပါကကျောင်းသားကဒ်)၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို တစ်ပါတည်း ပြည့်စုံစွာဖြည့်စွက်၍လျှောက်ထားပါရန်။

 

 

hluttaw
hluttaw
hluttaw
hluttaw
hluttaw
hluttaw